ကုလသမဂ္ဂမှ ရေးဆွဲခဲ့သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များ(SDGs) ဆိုသည်မှာ ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့မည့် အနာဂတ်အတွက် လမ်းညွှန်မြေပုံပင် ဖြစ်သည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်များတွင် မြန်မာနိုင်ငံမှ ဝင်ငွေနည်းလူများကို ဝန်ဆောင်မှုများ ပေးခြင်းအားဖြင့် ကျေးလက်ဒေသအလုပ်အကိုင်ပေါများမှုနှင့် လူနေမှုအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများမှတစ်ဆင့် ကျွန်ုပ်တို့သည် SDGs (၁၇) ခုအနက် ၅ ခုကို အထောက်အပံ့ပြုနိုင်ခဲ့ပါသည်။ ၎င်းတို့မှာ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး(ရည်မှန်းချက်၁)၊ကောင်းမွန်သော ကျန်းမာရေး စောင့်ရှောက်မှု ရရှိရေး(ရည်မှန်းချက် ၃)၊ အရည်အချင်းပြည့်ဝသောပညာရေးရရှိရေး(ရည်မှန်းချက် ၄)၊သင့်တင့်လျောက်ပတ်သော အလုပ်အကိုင်နှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိရေး(ရည်မှန်းချက် ၈)၊ စက်မှုဆန်းသစ် တီထွင်မှုနှင့် အခြေခံအဆောက်အအုံ မြှင့်တင်ရေး(ရည်မှန်းချက် ၉) တို့ ဖြစ်သည်။
စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ပန်းတိုင်များကို အထောက်အကူပြုခြင်း
ဩဂုတ် 2nd, 2020