Our Timeline


ငှားရမ်းသူ ၁၀၀,၀၀၀ ပြည့် အမှတ်တရ အခမ်းအနား ကျင်းပခြင်း

2016

Rent 2 Own သည် စီးပွားရေးလုပ်ငန်းလိုင်စင်ဖြင့် အဌားဝန်ဆောင်မှုကို ဆောင်ရွက်ပေးသော ကုမ္ပဏီရုံးချုပ်သည် ရန်ကုန်မြို့တွင် တည်ရှိပါသည်။ ဒေသဆိုင်ရာရုံးချုပ်များနှင့် အတူ ရုံးခွဲပေါင်း ၅၀ ကို သန်လျင်၊ ပြည်၊ မကွေး၊ မုံရွာ၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ကြီး၊ ပဲခူးနှင့် မိတ္ထီလာတို့တွင်လည်းဖွင့်လှစ်ထားပြီး   နိုင်ငံတစ်ဝှမ်းရှိ မော်တော်ဆိုင်ကယ်ကုန်သည်ပေါင်း ၄၀၀ ကျော်တို့နှင့်အတူ ပူးပေါင်း လုပ်ကိုင်ဆောင်ရွက်လျက် ရှိပါသည်။ R2O၏ ဝန်ဆောင်မှု ဆောင်ရွက်ပုံမှာ ရိုးရှင်းပါသည်။ ဝန်ဆောင်မှုရယူသူက မော်တော်ဆိုင်ကယ်တန်ဖိုး၏ ၁၀% သို့မဟုတ် ၁၀% ထက် ပို၍ ပေးပြီးနောက် လစဥ် သို့မဟုတ် သုံးလတစ်ကြိမ် ငွေပေးသွင်းသွားရုံသာ လိုအပ်သည်။ မော်တော်ဆိုင်ကယ်တိုင်းအတွက် အာမခံအပြည့်အဝ ထားရှိထားပြီး ပြုပြင်ထိန်းသိမ်းခပါ ပါဝင်ပြီးဖြစ်သည်။ စာချုပ်သက်တမ်းကုန်ဆုံးသွားသည့်အခါ ဝန်ဆောင်မှုရယူသူက မော်တော်ဆိုင်ကယ်ကို ယူလိုက်ရုံ သို့မဟုတ် ပြန်အပ်နှံနိုင်သည်။ပြန်အပ်ပါက စပေါ်ငွေကို ပြန်လည်ပေးအပ်မည်ဖြစ်သည်။“ဝန်ဆောင်မှုရယူသူ ၁၀၀,၀၀၀ ပြည့်တဲ့ မှတ်ကျောက်တင်နိုင်တဲ့အတွက် အမှန်တကယ် ဝမ်းမြောက်မိပါတယ်၊ ကျွန်တော်တို့ ဒီထက်ပိုပြီး အမြင်ကျယ်ဖို့ လိုအပ်ပါတယ်၊ R2O က မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုဖို့ အမြဲဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့က ဝန်ထမ်း ၄၆၀ အတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးခဲ့ပြီးတော့ အထူးသဖြင့် ဖွံ့ဖြိုးတိုးတက်မှု သိပ်မရှိသေးတဲ့ ကျေးလက်ဒေသက ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုရယူသူတွေ သွားလာရ လွယ်ကူအောင် ဆောင်ရွက်ပေးခဲ့ပါတယ်။သူတို့အနေနဲ့ အလုပ်ကို အလွယ်တကူ သွားလာနိုင်တယ်၊ အသေးစားလုပ်ငန်းရှင်တွေအတွက်ဆိုရင်လည်း ဝင်ငွေရအောင် ဖန်တီးနိုင်တယ်။ ရွာငယ်လေးတွေက ဈေးသည်တွေကိုပဲ ကြည့်ပါ၊ အခုဆို မိုင် ၂၀ ဝေးတဲ့ မြို့က ဈေးမှာ သူရဲ့ ကုန်ပစ္စည်းတွေကို သွားရောက် ရောင်းချနိုင်ပြီဖြစ်ပါတယ်” ဟု အော်ပရေးရှင်မန်နေဂျာ Kai Marm Thaing က ပြောကြားခဲ့ပါသည်။

ရုံးခွဲဖွင့်လှစ်ခြင်း

2017

မကွေးရုံးခွဲဖွင့်လှစ်ခြင်း

ရက်စွဲ - ၂၀၁၇ ခုနှစ်၊ မေလ၊ ၁၆ ရက်

 အချိန် - နံနက် ၉း၃၀ မှ ညနေ ၅း၃၀ အထိ

နေရာ - မကွေး

သန်လျင်၊ ပဲခူး၊ ပုသိမ်နှင့် ပြည်မြို့တို့တွင် ရုံးခွဲများ ဖွင့်လှစ်ပြီးနောက်Rent 2 Own သည် ၅ ခုမြောက် ရုံးခွဲကို မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ဖွင့်လှစ်ခဲ့ပါသည်။ ဤ ရုံးခွဲနှင့် အခြားသော ဒေသတွင်း ရုံးခွဲငယ် ကွန်ရက် ၄ ခုကို ချိတ်ဆက်မည်ဖြစ်ပြီး ရက်သတ္တပတ် အကြာတွင် ထပ်မံ ဖွင့်လှစ်မည်ဖြစ်သည်။ ၎င်းတို့မှာ မင်းဘူး၊ တောင်တွင်းကြီး၊ အောင်လံနှင့် နတ်မောက်တို့ဖြစ်ပါသည်။Rent 2 Own ကို မြန်မာနိုင်ငံ အောက်ပိုင်းတွင်သာ ချဲ့ထွင်ခြင်း မဟုတ်တော့ပါ။ မကွေးသည် မြန်မာနိုင်ငံ အထက်ပိုင်းတွင် တိုးချဲ့ဖွင့်လှစ်မည့် ရုံးခွဲများအနက်မှ ပထမဆုံး ရုံးခွဲဖြစ်သည်။

တောင်ကြီးရုံးခွဲဖွင့်လှစ်ခြင်း

ရက်စွဲ - ၂၀၁၇ ခုနှစ်၊ သြဂုတ်လ၊ ၃ ရက်

နံနက် ၉း၃၀

နေရာ - တောင်ကြီး

ဇူလိုင်လ ၂၃ ရက်နေ့တွင်Rent2Own သည် ရှမ်းပြည်နယ်ဈေးကွက်ကို ထိုးဖောက်ဝင်ရောက်ရန် တောင်ကြီးမြို့တွင် ပထမဆုံးရုံးခွဲကို ဖွင့်လှစ်မည်ဖြစ်ပြီး ၎င်းရုံးခွဲပေါ် မူတည်၍ အောင်ပန်း၊ ညောင်ရွှေ၊ ရပ်စောက်နှင့် နမ့်ဆန် တို့တွင် ရုံးခွဲငယ်များကို ဖွင့်လှစ်နိုင် ခြေများပါသည်။ 

မိတ္ထီလာရုံးခွဲဖွင့်လှစ်ခြင်း

ရက်စွဲ - ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၈ ရက်

အချိန် - နံနက် ၉း၃၀

နေရာ - မိတ္ထီလာ

မိတ္ထီလာရုံးခွဲဖွင့်လှစ်ခြင်း၊ ရက်စွဲ - ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၈ ရက်၊ အချိန် - နံနက် ၉း၃၀၊ နေရာ - မိတ္ထီလာ။  

နောက်ဆုံးတွင်တော့ Rent 2 Own အနေဖြင့် မန္တလေးတွင် ခြေဆန့်နိုင်ခဲ့ပြီဖြစ်သည်။ ကျေးလက်များမှ ဝန်ဆောင်မှုရယူသူများကို အဓိကထားသဖြင့် မန္တလေးမြို့တွင် ဖွင့်လှစ်ရန် စိတ်ကူးမရှိခဲ့ပါ။ သို့သော်လည်း ယခင်မြန်မာမင်းနေပြည်တော်ြဖစ်ခဲ့သည့် မန္တလေးမြို့ အနီးအနားမှ လူကုံထံဧရိယာကိုတော့ ရှောင်ကွင်း၍ မရခဲ့ပါ။ အောက်တို့ဘာလ ၂၈ ရက်နေ့တွင် မန္တလေးရုံးခွဲကို မိတ္ထီလာတွင် ဖွင့်လှစ်ခဲ့သည်။ ၎င်းကို ဖွင့်လှစ်ပြီး မကြာမီမှာပင် ကျောက်ဆည်၊ ပျဥ်းမနား၊ ရမည်းသင်းနှင့် ကျောက်ပန်းတောင်းရုံးခွဲငယ်များကို ဖွင့်လှစ်ခဲ့ပါတယ်။ 

သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးခြင်း

2018

သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးခြင်း - လေထုထဲသို့ မော်တော်ဆိုင်ကယ်မှ ထွက်သည့် အခိုးအငွေ့များရဲ့ ဆိုးကျိုးကို လျှော့ချရန်အတွက် ကျွန်ုပ်တို့သည်Association for Carbon Capture ကို အားပေးထောက်ပံ့မှု ပြုလုပ်ပါသည်။ ကျွန်ုပ်တို့သည် ၂၀၁၈ ခုနှစ်တွင် သစ်မာပင်ပေါင်း ၁၂,၀၀၀ ကို စိုက်ပျိုးခဲ့ပြီး ၂၀၁၉ ခုနှစ် သစ်တောပြန်လည်ထူထောင်ရေးကမ်ပိန်းတွင် နောက်ထပ်သစ်ပင်ပေါင်း ၃၅,၀၀၀ ကို ထပ်မံစိုက်ပျိုးရန် ရည်မှန်းပါသည်။ ကျွန်ုပ်တို့၏ ဝန်ထမ်းများသည်လည်း ထိုသို့သော လုပ်ဆောင်မှုများတွင် စေတနာ့ဝန်ထမ်းများအဖြစ် တက်ကြွစွာ ပါဝင်လုပ်ကိုင်ကြပါသည်။ 

RENT 2 OWN သည် အဓိကရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်သည်

2019

RENT2OWN INCOFIN ထံမှ ကြွေးမြီ အမေရိကန်ဒေါ်လာ ၃ သန်းကို ရယူ၍ မြန်မာနိုင်ငံရှိ ဝင်ငွေနည်းပြည်သူများ သွားလာရေးလွယ်ကူမှုကို မြှင့်တင်ခဲ့ပါသည်။  RENT2OWN INCOFIN ထံမှ ကြွေးမြီ အမေရိကန်ဒေါ်လာ ၃ သန်းကို ရယူ၍ မြန်မာနိုင်ငံရှိ ဝင်ငွေနည်းပြည်သူများ သွားလာရေးလွယ်ကူမှုကို မြှင့်တင်ခဲ့ပါသည်။ Incofin ၏ စီမံခန့်ခွဲမှုအောက်တွင်ရှိသော Incofin CVSO သည် မြန်မာနိုင်ငံရှိ Rent 2 Own အား senior loan အဖြစ် အမေရိကန်ဒေါ်လာ ၃ သန်းကို ချေးခဲ့ပါသည်။ Rent 2 Own သည် ၂၀၁၆ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင် ပွင့်လင်းမြင်သာမှုရှိ၍ တတ်နိုင်သော အဖိုးအခဖြင့် မော်တော်ဆိုင်ကယ်ငှားရမ်းခြင်းဝန်ဆောင်မှုကို ဆောင်ရွက်ခဲ့ပါသည်။ အခြေပစ္စည်း အမေရိကန်ဒေါ်လာ ၃၃ သန်းဖြင့် စတင်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ၃ နှစ်မြောက်နှစ်ပတ်လည်အခမ်းအနားကို ကျင်းပခဲ့သည်။ အဆိုပါ ၃ နှစ်အတွင်း Rent 2 Own သည် ပြည်နယ် ၈ ပြည်နယ်တွင် ရုံးခွဲပေါင်း ၃၉ ရုံးကို ဖွင့်လှစ်၍ အခြေချနိုင်ခဲ့ပြီး ဝန်ထမ်းပေါင်း ၄၅၀ ဖြင့် ဝန်ဆောင်မှုရယူသူပေါင်း ၁၀၀,၀၀၀ နီးပါးကို ဝန်ဆောင်မှုပေးနိုင်ခဲ့သည်။ ဝန်ဆောင်မှုရယူသူ၏ ၇၀% မှာ တစ်လလျှင် အမေရိကန်ဒေါ်လာ ၂၀၀ အောက် ရရှိသူများဖြစ်ကြ၍  Rent 2 Own သည် လူမှုစီပွားရေအပေါ် အကျိုးသက်ရောက်မှုရှိသော အစီအစဥ်တစ်ခုထားရှိပါသည်။ ကုမ္ပဏီသည် တတ်နိုင်သော အဖိုးအခဖြင့် ရွှေ့ပြောင်းနိုင်သော ပစ္စည်း (မော်တော်ဆိုင်ကယ်) ဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်ရရှိရေးနှင့် လူနေမှုအဆင့်အတန်း မြင့်မားရေးကို မြှင့်တင်ဆောင်ရွက်ရန် ရည်ရွယ်ပါသည်။ ထို့ပြင် Rent 2 Own တွင် “စိမ်းလန်းစိုပြေရေးအစီအစဥ်” တစ်ရပ်လည်းရှိပါသေးသည်။ မော်တော်ဆိုင်ကယ်မှ CO2 ဓာတ်ငွေ့များ ထုတ်လွှတ်တတ်ခြင်းကို သိရှိသဖြင့် R20 သည် ကာဗွန်လျှော့ချသော အဖွဲ့အစည်းဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် သစ်တောပြန်လည်ထူထောင်ရေးကို ဆောင်ရွက်နေပါသည်။  

ကျွန်တော်တို့ရဲ့ အငှားဝန်ဆောင်မှုကြောင့် ဝန်ဆောင်မှုရယူသူလူငယ်တွေဟာ သူတို့နေအိမ်ရဲ့ အဝေးမှာရှိတဲ့ ကုမ္ပဏီတွေမှာ အလုပ်သွားရောက်လျှောက်ထားနိုင်ပြီဖြစ်သလို လယ်သမားများအပါအဝင် ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့လည်း ကုန်ပစ္စည်း အမြောက်အများပို့နိုင်ပြီဖြစ်လို့ ဝင်ငွေတိုးလာတဲ့အကြောင်းကိုလည်း ကြားရပါတယ်။ ကျွန်တော်တို့က ဒေတာအချက်အလက်တွေနဲ့ လုပ်တဲ့ ကုမ္ပဏီဖြစ်လို့ ဝန်ဆောင်ရယူသူတွေရဲ့ ရလဒ်အချက်အလက်တွေကို ကြည့်ပြီးတော့ ကျွန်တော်တို့ရဲ့ အမှန်တကယ် ထိရောက်မှုကို တိုင်းတာပါတယ်။အခုလို နောက်ထပ်ငွေကြေးဖြည့်ဆည်းမှု ရထားတဲ့အတွက် Rent 2 Own Myanmar အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ဝင်ငွေနည်းမိသားစုတွေအတွက် စီးပွားရေးအခွင့်အလက်များ ဆက်လက်ပံ့ပိုးသွားနိုင်ပါလိမ့်မယ်။ – Olivier Bertrand – CFORent 2 Own Myanmar ၏ ဘဏ္ဍာရေးအရာရှိချုပ်

ကျွန်တော်တို့ဟာ ၂၀၁၆ ခုနှစ်မှာ ကုမ္ပဏီစတင်တည်ထောင်လုပ်ကိုင်ကတည်းက ပုံမှန်တိုးတက်မှု ဖြစ်ထွန်လာတာကို ကြည့်ပြီး စိတ်ကျေနပ်မိပါတယ်။ ငွေကြးဝန်ဆောင်မှုမရရှိဘဲ အခြေခံအဆောက်အအုံ မပြည့်စုံတဲ့ မြန်မာ့ကျေးလက်ဒေသတွေမှာ မော်တော်ဆိုင်ကယ် လိုအပ်တဲ့ ဈေးကွက်ရှိနေကြောင်းကို အရင်းအနှီးတိုးပွားလာမှုမှ တစ်ဆင့် သိနေရပါတယ်။ တိုးတက်ဖွံ့ဖြိုးလာပြီးနောက်တွင် ကြွေးမြီဆုံးရှုံးမှုစီမံခန့်ခွဲခြင်းနှင့် လူထုအကျိုးပြုလုပ်ငန်း စီမံခန့်ခွဲမှုတိုင်းတာခြင်းတို့ကို ပိုမိုကောင်းမွန်အောင် သိသိသာသာ ပြုလုပ်ခဲ့သည်။ ကျွန်တော်တို့အနေနဲ့ ကနဦးအဆင့်မှာ အရှိန်အဟုန်နဲ့ လည်ပတ်နေတဲ့ ကုမ္ပဏီတွေရဲ့ ငွေကြေးလိုအပ်ချက်ကို ဖြည့်ဆည်းမယ့် Incofin CVSO ရဲ့ ရည်မှန်းချက်နဲ့ R2O စီမံခန့်ခွဲမှုကြားမှာ သင့်တော်မှုကို တွေ့ရှိခဲ့ပါတယ်။လို့, Incofin IM ရဲ့  ငွေကြေးဖြည့်ဆည်းရေးမန်နေဂျာ Lionel Dieu က ပြောခဲ့ပါတယ်။

Rent it till you own

Rent 2 Ownသည် ၂၀၁၆ခုနှစ်မှ စတင်ခဲ့၍ မြန်မာနိုင်ငံတွင် မော်တော်ဆိုင်ကယ် ပိုင်ဆိုင်လိုသည့် ဝန်ဆောင်မှုရယူသူများအတွက် အဆင်ပြေလွယ်ကူစေမည့် အငှားဝန်ဆောင်မှု ပေးသည့် ပထမဆုံးသော ကုမ္ပဏီဖြစ်သည်...

ရုံးခွဲကွန်ရက်များအမြဲ တိုးချဲ့နေသည့်အပြင်Rent 2 Ownနှင့် ပူးပေါင်း ဆောင်ရွက်နေသည့် မော်တော်ဆိုင်ကယ်ရောင်းချသူကုန်သည်အသစ်များလည်း တိုးပွားလာသောကြောင့် ဝန်ဆောင်မှုရယူသူ အရေအတွက်သည်လည်း အလျင်အမြန် တိုးပွားလာခဲ့သည်...

ကျွန်ုပ်တို့သည် အခြားနယ်ပယ်များတွင်လည်း ဖွံ့ဖြိုးတိုးတက်ပါသည်...

ကျွန်ုပ်တို့သည် ပြည်သူများ လူနေမှုအဆင့်အတန်းမြင့်မားစေမည့် နည်းလမ်းများ ပံ့ပိုး၍ မြန်မာနိုင်ငံကို ရှေ့သို့ ဆက်လှမ်းနိုင်ရန် အမြဲတစေ ရည်မှန်းခဲ့ပါသည်...

နည်းပညာမြင့် ဝန်ဆောင်မှု

ကျွန်တော်တို့ အောင်မြင်ရခြင်း၏ အကြောင်းရင်းများအနက် တစ်ခုမှာ သတင်းအချက်အလက်နည်းပညာ ခိုင်မာတောင့်တင်းအောင် တည်ဆောက်နိုင်မှု..


READ MORE

Mr Philippe Lenain

CEO View More

Mr Miroslav Adamkovic

CFO View More

Mr Kai Smith

Head of Operations View More

Hnin Pwint Aung

Head of Finance View More

Zuzana Dlouha

Head Of Risk View More

Mr Philippe Lenain

CEO View More

Mr Miroslav Adamkovic

CFO View More

Mr Kai Smith

Head of Operations View More

Hnin Pwint Aung

Head of Finance View More

Zuzana Dlouha

Head Of Risk View More

Board

"Rent 2 Own အား မတူကွဲပြားခြားနားပြီး ကြီးမားကျယ်ပြန့်၍ သက်ရောက်မှုရှိသည့် ကမ္ဘာအနှံ့ မှ ရှယ်ယာရှင်များ ဖြင့် ဖွဲ့စည်းထားပါသည်။"