Rent 2 Own ရဲ့ Litigation ဌာနမှကိုဗစ်ကာလ အလှူဒါန

စက်တင်ဘာ 13th, 2020

ယခုလို ကိုဗစ်-19 ကပ်ရောဂါ ဒုတိယလှိုင်း ရိုက်ခတ်လာတဲ့အချိန်မှာ Rent 2 Own အနေနဲ့ မြန်မာပြည်သူပြည်သားများ၏ ကျန်းမာရေးအတွက် တစ်တတ်တအား ပါဝင်ကူညီကာ အလှူငွေကျပ် ၃၀၀,၀၀၀ (သုံးသိန်း) ကို လှူဒါန်းခဲ့ပါတယ်။ပုသိမ်တက္ကသိုလ် နန္ဒဆောင် မှာ ပြည်သူများ၏ ကျန်းမာရေးအကျိုးအတွက် တာဝန်ကျေပွန်စွာ ထမ်းဆောင်နေကြတဲ့ Volunteer ညီအစ်ကို၊ မောင်နှမများအား Rent 2 Own Co.,Ltd နှင့် Litigation Dept ကိုယ်စား ပုသိမ်ရုံးခွဲဝန်ထမ်းများမှ ကိုယ်တိုင်ကိုယ်ကျ ကြည်နူးဝမ်းမြောက်စွာ သွားရောက်လှူဒါန်းပေးခဲ့ကြတာ ဖြစ်ပါတယ်။ Rent 2 Own ကို အစဉ်အမြဲအားပေးနေကြတဲ့ Customerများ၏

အလှူဒါနလည်း ဖြစ်တာကြောင့် Rent 2 Own မိတ်ဆွေများ ကုသိုလ်သဒ္ဓါပွားများနိုင်စေရန် လှူဒါန်းမှု ပုံရိပ်များကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။