ကျွန်ုပ်တို့သည် ပြည်သူများ လူနေမှုအဆင့်အတန်းမြင့်မားစေမည့် နည်းလမ်းများ ပံ့ပိုး၍ မြန်မာနိုင်ငံကို ရှေ့သို့ ဆက်လှမ်းနိုင်ရန် အမြဲတစေ ရည်မှန်းခဲ့ပါသည်…

ဩဂုတ် 5th, 2020

ကျွန်ုပ်တို့သည် ပြည်သူများ လူနေမှုအဆင့်အတန်းမြင့်မားစေမည့် နည်းလမ်းများ ပံ့ပိုး၍ မြန်မာနိုင်ငံကို ရှေ့သို့ ဆက်လှမ်းနိုင်ရန် အမြဲတစေ ရည်မှန်းခဲ့ပါသည်။ ကျေးလက်ဒေသများတွင် သွားလာရေးလွယ်ကူအောင် ဆောင်ရွက်ခြင်းသည် ပထမခြေလှမ်းသာ ဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် ကျွန်ုပ်တို့၏ ဒေသခံမိတ်ဖက်ဖြစ်သော ရွှေမင်းဂံငွေရေးကြေးရေးအဖွဲ့အစည်းသည် ဘဏ်မဟုတ်သော ငွေကြေးဝန်ဆောင်မှု ပြုလုပ်နိုင်မည့် ငွေရေးကြေးရေးအဖွဲ့အစည်းလိုင်စင် ကို ရယူနိုင်ခဲ့သည်။ ယခုတွင် Rent 2 Own သည် နောက်ထပ်ခြေတစ်လှမ်း လှမ်းနိင်ပြီဖြစ်သည်။ ရွှေမင်းဂံငွေရေးကြေးရေးအဖွဲ့အစည်းမှတစ်ဆင့် ကျွန်ုပ်တို့သည် ၂၀၂၀ ခုနှစ်အကုန်တွင် ချေးငွေများ စတင်ထုတ်ပေးနိုင်မည်ဖြစ်သည်။ 

စတင်ခဲ့သည့် အချိန်မှစ၍ ယခုအချိန်ထိ ကျွန်ုပ်တို့ ခရီးအတော်ရောက်ခဲ့ပြီဖြစ်သည်။ ထောင်ချီသော ဝန်ဆောင်မှုရယူသူများအတွက် သွားလာရေးလွယ်ကူအောင် ဆောင်ရွက်ခြင်း၊ မိတ်ဖက်သစ်များ တွေ့ရှိခြင်း၊ မော်တော်ဆိုင်ကယ်ရောင်းချသူများနှင့် အကျိုးဖြစ်ထွန်းသော ဆက်ဆံရေးထားရှိခြင်းနှင့်Association for Carbon Capture ၏ သစ်တောထူထောင်ရေး ကြိုးပမ်းအားထုတ်မှုတွင် အားပေးထောက်ပံ့မှုပြုလုပ်ခြင်းတို့ကို ပြုလုပ်နိုင်ခဲ့သည်။ နောက်ထပ်အများကြီး ဆောင်ရွက်ရန် ကျန်သေးသည်။ အနာဂတ်မှာ ဘာဖြစ်လာမလဲ စောင့်ကြည့်ကြရဦးမည်။