နည်းပညာမြင့် ဝန်ဆောင်မှု

ဩဂုတ် 5th, 2020

ကျွန်တော်တို့ အောင်မြင်ရခြင်း၏ အကြောင်းရင်းများအနက် တစ်ခုမှာ သတင်းအချက်အလက်နည်းပညာ ခိုင်မာတောင့်တင်းအောင် တည်ဆောက်နိုင်မှု ကြောင့်ဖြစ်သည်။အရောင်းနှင့်ဝန်ဆောင်မှုတို့ကို အဆင့်မြင့် ဖြေရှင်းသည့် နည်းလမ်းများနှင့်ပေါင်းစပ်လိုက်သည့်အခါ ဝန်ဆောင်မှုရယူသူများအား ထိုက်တန်သည့် ဝန်ဆောင်မှုမျိုးကို ပေးစွမ်းနိုင်ခဲ့သည်။

ကွင်းဆင်းငွေကောက်ခံရေးအဖွဲ့နှင့် ကျွန်ုပ်တို့နှင့် မိတ်ဖက်ကုန်သည်များ ပိုမိုလွယ်ကူမှုရှိစေရန် အတွက် Application များကို တီထွင်ဖန်တီးပေးထားသည်။ ဥပမာအားဖြင့် ကုန်သည်များသည် မကြာခင် ပြုလုပ်မည့် ငွေပေးချေမှုများနှင့် အရောင်းပမာဏ တို့ကို Application မှတစ်ဆင့် သိရှိနိုင်မည်ဖြစ်သည်။ 

ကြွေးမြီဆုံးရှုံးမှုစီမံခန့်ခွဲခြင်းသည် အဓိကသော့ချက်ဖြစ်သည်။Rent 2 Own သည် စာချုပ်သက်တမ်းတစ်လျှောက်လုံး မည်သည့်အဆင့်တွင်မဆို ဆုံးရှုံးမှုလျှော့ချနိုင်မည့် ငွေကြေးဆိုင်ရာ နည်းပညာ အများအပြားကို အသုံးပြု၍ ဖြေရှင်းပါသည်။Client က ချေးငွေရယူရန် လျှောက်ထားသည့်အခါ ကျွန်ုပ်တို့သည် OTP မှ တစ်ဆင့် အဆိုပါ Client မည်သူမည်ဝါဖြစ်ကြောင်းကို စစ်ဆေးပါသည်။ ထို့ပြင် ကျွန်ုပ်တို့သည် ငွေကြေးလိမ်လည်မှု မဖြစ်စေရန် စစ်ဆေးရာတွင် Viber သို့မဟုတ် အခြားသော ဆိုရှယ်မီဒီယာများ ကိုလည်း အသုံးပြုပါသည်။ 

ကျွန်ုပ်တို့၏Underwriting ဌာနသည် သက်တမ်း ၄ နှစ်ကျော်ရှိပြီဖြစ်ရာ တန်ဖိုးမဖြတ်နိုင်သော အတွေ့အကြုံများ ရရှိထားသည်။  ထို့ပြင် ကျွန်ုပ်တို့၏ ဝန်ထမ်းများ ပိုမိုထိရောက်စွာ စစ်ဆေးနိုင်ရန်အတွက် Score Card ကိုလည်း ပြုလုပ်ထားပါသည်။Approval Process တွင်လည်း လျှောက်လွှာမှ အချက်အလက်များနှင့်အတူ ပေးချေမှုနည်းလမ်း၊ E-commerce ဝက်ဘ်ဆိုက်နှင့် Telco dataစသည်ဖြင့် ပြင်ပဒေတာအရင်းအမြစ်များနှင့် ပေါင်းစည်းကာ ဆောင်ရွက်ပါသည်။ 

Collection အဆင့်တွင်လည်း အသစ်တီထွင်ရေးဆွဲထားသော Application များကို အသုံးပြု၍ Litigation officer များအတွက် အဆင်ပြေမည့် လမ်းကြောင်းများကို စီမံရေးဆွဲထားပါသည်။ ငွေပေးချေမှုဆိုင်ရာ ပြဿနာမရှိသော Client အများစုအတွက် မြန်မာနိုင်ငံရှိ ပင်မငွေပေးချေခြင်းဝန်ဆောင်မှုထောက်ပံ့သူများ (Payment Service Provider) နှင့် ချိတ်ဆက်ထားသော ဒစ်ဂျစ်တယ်ပိုက်ဆံအိတ် (Digital Wallet) ကို အသုံးပြုပါသည်။