ဝန်ဆောင်မှုရယူသူများအား ကာကွယ်ခြင်း

ဩဂုတ် 3rd, 2020

ဝန်ဆောင်မှုရယူသူများ၏ ဘဝ ဖွံ့ဖြိုးတိုးတက်အောင် နည်းလမ်းများ ပေးခြင်းသည် ကောင်းမွန်သည့် လုပ်ရပ်ပင် ဖြစ်သည်။ထို့အပြင် ကျွန်ုပ်တို့သည် ဝန်ဆောင်မှုရယူသူများ ကြွေးမြီဝန်ပိခြင်းကို တားဆီးပေးခြင်း၊ ဝန်ဆောင်မှုရယူသူများ၏ အချက်အလက်များကို လျှို့ဝှက်ထိန်းသိမ်းခြင်း၊ ကျိုးကြောင်းဆီလျော်သော တန်ဖိုးသတ်မှတ်ခြင်းနှင့် ဝန်ဆောင်မှုရယူသူများ၏ တိုင်ကြားချက်ကို လျင်မြန်စွာ ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို ပြုလုပ်ပေးပါသည်။ Rent 2 Own သည်Alinus Cerise စံသတ်မှတ်ချက် အသိအမှတ်ပြုလက်မှတ် ရရှိထားသည့် ကုမ္ပဏီဖြစ်ပြီး ဝန်ဆောင်မှုရယူသူများအား ကာကွယ်ခြင်းနှင့် စပ်လျဥ်း၍ ကျွန်ုပ်တို့၏Alinus ရမှတ်မှာ ၆၈% ဖြစ်သည်။အထူးသဖြင့် ကြွေးမြီဝန်ပိမှု တားဆီးခြင်းတွင် ၈၀% နှင့် ကျိုးကြောင်းဆီလျော်သည့် တန်ဖိုးသတ်မှတ်ခြင်းတွင် ၉၀% ထိရရှိထားပါသည်။