Awards >> Client Protection Certification

Client Protection Certification

ေအာက်တိုဘာ 2nd, 2024

Rent 2 Own သည် MFR မှ ချီးမြှင့်သည့် ဝန်ဆောင်မှု ရယူသူ Client များ အကာအကွယ်ပေးမှု အကဲဖြတ်ခြင်း အစီအစဥ် (Client Protection Certification)တွင် Silver Level Certificate ချီးမြှင့်ခံရကြောင်းကို ဝမ်းမြောက်စွာကြေငြာအပ်ပါသည်။ ဤကဲ့သို့ အသိအမှတ်ပြုမှုရရှိခြင်းသည် ကျွန်ုပ်တို့ Client များ၏ အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်မှုနှင့် ထူးခြားကောင်းမွန်သော ဝန်ဆောင်မှုများကို အလေးပေးဆောင်ရွက်နေကြောင်းကို ဖော်ပြပေးနေပါသည်။ Rent 2 Own သည် မြန်မာနိုင်ငံ၏ စျေးကွက်တွင် (၉)နှစ်တိုင်တိုင် လုပ်ငန်းလုပ်ဆောင်နိုင်သည့် အတွေ့အကြုံများနှင့်အတူ၊ ဝန်ဆောင်မှုများမှာ အမြင့်ဆုံး စံနှုန်းများနှင့် ပြည့်မီကြောင်း သေချာစေနိုင်မှုနှင့် Client များ၏ အကျိုးစီးပွား အကာအကွယ်ပေးနိုင်မှုကို တသမတ်တည်း ဦးစားပေးလုပ်ဆောင်လျက်ရှိပါသည်။ ဤအောင်မြင်မှုမှတဆင့် ကျွန်ုပ်တို့ လေးစားရသော Client များအတွက် ယုံကြည်စိတ်ချရသော ဝန်ဆောင်မှုဆိုင်ရာ ပတ်ဝန်းကျင်တစ်ခုဖန်တီးပေးနိုင်ရန် ကျွန်ုပ်တို့မှ ထပ်လောင်းအတည်ပြုအပ်ပါသည်။

Client Protection Certification ကို MFR (MicroFinanza Rating) ဆိုသည့် အဖွဲ့အစည်းမှ ဝန်ဆောင်မှုရယူသူ Client များအား အကာအကွယ်ပေးနိုင်မှု (Client Protection Principles) ကို ခိုင်ခိုင်မာမာ လိုက်နာကြောင်း ပြသနိုင်သည့် အဖွဲ့အစည်းများအတွက် ချီးမြှင့်သည့် ကမ္ဘာ့အဆင့်သတ်မှတ်ခြင်းဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ဤအသိအမှတ်ပြုလက်မှတ်ကိုရရှိခြင်းသည် ယုံကြည်စိတ်ချရပြီး တာဝန်သိသောဝန်ဆောင်မှုများ ပံပိုးပေးနိုင်ခြင်းကို အာမခံနေပြီး ကျွန်ုပ်တို့၏ ကတိကဝတ် လိုက်နာဆောင်ရွက်နေခြင်းကို ဖော်ပြနေသဖြင့် မိမိတို့၏ ဝန်ဆောင်မှုလုပ်ငန်းအတွက် အရေးကြီးသော အမှတ်အသားတစ်ခုအဖြစ် ရပ်တည်လျက်ရှိပါသည်။