ရုံးခွဲဖွင့်လှစ်ခြင်း

ဇူလိုင် 7th, 2020

မကွေးရုံးခွဲဖွင့်လှစ်ခြင်း

ရက်စွဲ – ၂၀၁၇ ခုနှစ်၊ မေလ၊ ၁၆ ရက်

 အချိန် – နံနက် ၉း၃၀ မှ ညနေ ၅း၃၀ အထိ

နေရာ – မကွေး

သန်လျင်၊ ပဲခူး၊ ပုသိမ်နှင့် ပြည်မြို့တို့တွင် ရုံးခွဲများ ဖွင့်လှစ်ပြီးနောက်Rent 2 Own သည် ၅ ခုမြောက် ရုံးခွဲကို မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ဖွင့်လှစ်ခဲ့ပါသည်။ ဤ ရုံးခွဲနှင့် အခြားသော ဒေသတွင်း ရုံးခွဲငယ် ကွန်ရက် ၄ ခုကို ချိတ်ဆက်မည်ဖြစ်ပြီး ရက်သတ္တပတ် အကြာတွင် ထပ်မံ ဖွင့်လှစ်မည်ဖြစ်သည်။ ၎င်းတို့မှာ မင်းဘူး၊ တောင်တွင်းကြီး၊ အောင်လံနှင့် နတ်မောက်တို့ဖြစ်ပါသည်။Rent 2 Own ကို မြန်မာနိုင်ငံ အောက်ပိုင်းတွင်သာ ချဲ့ထွင်ခြင်း မဟုတ်တော့ပါ။ မကွေးသည် မြန်မာနိုင်ငံ အထက်ပိုင်းတွင် တိုးချဲ့ဖွင့်လှစ်မည့် ရုံးခွဲများအနက်မှ ပထမဆုံး ရုံးခွဲဖြစ်သည်။

တောင်ကြီးရုံးခွဲဖွင့်လှစ်ခြင်း

ရက်စွဲ – ၂၀၁၇ ခုနှစ်၊ သြဂုတ်လ၊ ၃ ရက်

နံနက် ၉း၃၀

နေရာ – တောင်ကြီး

ဇူလိုင်လ ၂၃ ရက်နေ့တွင်Rent2Own သည် ရှမ်းပြည်နယ်ဈေးကွက်ကို ထိုးဖောက်ဝင်ရောက်ရန် တောင်ကြီးမြို့တွင် ပထမဆုံးရုံးခွဲကို ဖွင့်လှစ်မည်ဖြစ်ပြီး ၎င်းရုံးခွဲပေါ် မူတည်၍ အောင်ပန်း၊ ညောင်ရွှေ၊ ရပ်စောက်နှင့် နမ့်ဆန် တို့တွင် ရုံးခွဲငယ်များကို ဖွင့်လှစ်နိုင် ခြေများပါသည်။ 

မိတ္ထီလာရုံးခွဲဖွင့်လှစ်ခြင်း

ရက်စွဲ – ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၈ ရက်

အချိန် – နံနက် ၉း၃၀

နေရာ – မိတ္ထီလာ

မိတ္ထီလာရုံးခွဲဖွင့်လှစ်ခြင်း၊ ရက်စွဲ – ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၈ ရက်၊ အချိန် – နံနက် ၉း၃၀၊ နေရာ – မိတ္ထီလာ။  

နောက်ဆုံးတွင်တော့ Rent 2 Own အနေဖြင့် မန္တလေးတွင် ခြေဆန့်နိုင်ခဲ့ပြီဖြစ်သည်။ ကျေးလက်များမှ ဝန်ဆောင်မှုရယူသူများကို အဓိကထားသဖြင့် မန္တလေးမြို့တွင် ဖွင့်လှစ်ရန် စိတ်ကူးမရှိခဲ့ပါ။ သို့သော်လည်း ယခင်မြန်မာမင်းနေပြည်တော်ြဖစ်ခဲ့သည့် မန္တလေးမြို့ အနီးအနားမှ လူကုံထံဧရိယာကိုတော့ ရှောင်ကွင်း၍ မရခဲ့ပါ။ အောက်တို့ဘာလ ၂၈ ရက်နေ့တွင် မန္တလေးရုံးခွဲကို မိတ္ထီလာတွင် ဖွင့်လှစ်ခဲ့သည်။ ၎င်းကို ဖွင့်လှစ်ပြီး မကြာမီမှာပင် ကျောက်ဆည်၊ ပျဥ်းမနား၊ ရမည်းသင်းနှင့် ကျောက်ပန်းတောင်းရုံးခွဲငယ်များကို ဖွင့်လှစ်ခဲ့ပါတယ်။