ငှားရမ်းသူ ၁၀၀,၀၀၀ ပြည့် အမှတ်တရ အခမ်းအနား ကျင်းပခြင်း

ဇူလိုင် 7th, 2020

Rent 2 Own သည် စီးပွားရေးလုပ်ငန်းလိုင်စင်ဖြင့် အဌားဝန်ဆောင်မှုကို ဆောင်ရွက်ပေးသော ကုမ္ပဏီရုံးချုပ်သည် ရန်ကုန်မြို့တွင် တည်ရှိပါသည်။ ဒေသဆိုင်ရာရုံးချုပ်များနှင့် အတူ ရုံးခွဲပေါင်း ၅၀ ကို သန်လျင်၊ ပြည်၊ မကွေး၊ မုံရွာ၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ကြီး၊ ပဲခူးနှင့် မိတ္ထီလာတို့တွင်လည်းဖွင့်လှစ်ထားပြီး   နိုင်ငံတစ်ဝှမ်းရှိ မော်တော်ဆိုင်ကယ်ကုန်သည်ပေါင်း ၄၀၀ ကျော်တို့နှင့်အတူ ပူးပေါင်း လုပ်ကိုင်ဆောင်ရွက်လျက် ရှိပါသည်။ R2O၏ ဝန်ဆောင်မှု ဆောင်ရွက်ပုံမှာ ရိုးရှင်းပါသည်။ ဝန်ဆောင်မှုရယူသူက မော်တော်ဆိုင်ကယ်တန်ဖိုး၏ ၁၀% သို့မဟုတ် ၁၀% ထက် ပို၍ ပေးပြီးနောက် လစဥ် သို့မဟုတ် သုံးလတစ်ကြိမ် ငွေပေးသွင်းသွားရုံသာ လိုအပ်သည်။ မော်တော်ဆိုင်ကယ်တိုင်းအတွက် အာမခံအပြည့်အဝ ထားရှိထားပြီး ပြုပြင်ထိန်းသိမ်းခပါ ပါဝင်ပြီးဖြစ်သည်။ စာချုပ်သက်တမ်းကုန်ဆုံးသွားသည့်အခါ ဝန်ဆောင်မှုရယူသူက မော်တော်ဆိုင်ကယ်ကို ယူလိုက်ရုံ သို့မဟုတ် ပြန်အပ်နှံနိုင်သည်။ပြန်အပ်ပါက စပေါ်ငွေကို ပြန်လည်ပေးအပ်မည်ဖြစ်သည်။“ဝန်ဆောင်မှုရယူသူ ၁၀၀,၀၀၀ ပြည့်တဲ့ မှတ်ကျောက်တင်နိုင်တဲ့အတွက် အမှန်တကယ် ဝမ်းမြောက်မိပါတယ်၊ ကျွန်တော်တို့ ဒီထက်ပိုပြီး အမြင်ကျယ်ဖို့ လိုအပ်ပါတယ်၊ R2O က မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုဖို့ အမြဲဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့က ဝန်ထမ်း ၄၆၀ အတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးခဲ့ပြီးတော့ အထူးသဖြင့် ဖွံ့ဖြိုးတိုးတက်မှု သိပ်မရှိသေးတဲ့ ကျေးလက်ဒေသက ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုရယူသူတွေ သွားလာရ လွယ်ကူအောင် ဆောင်ရွက်ပေးခဲ့ပါတယ်။သူတို့အနေနဲ့ အလုပ်ကို အလွယ်တကူ သွားလာနိုင်တယ်၊ အသေးစားလုပ်ငန်းရှင်တွေအတွက်ဆိုရင်လည်း ဝင်ငွေရအောင် ဖန်တီးနိုင်တယ်။ ရွာငယ်လေးတွေက ဈေးသည်တွေကိုပဲ ကြည့်ပါ၊ အခုဆို မိုင် ၂၀ ဝေးတဲ့ မြို့က ဈေးမှာ သူရဲ့ ကုန်ပစ္စည်းတွေကို သွားရောက် ရောင်းချနိုင်ပြီဖြစ်ပါတယ်” ဟု အော်ပရေးရှင်မန်နေဂျာ Kai Marm Thaing က ပြောကြားခဲ့ပါသည်။