မျှော်မှန်းချက်
လူမှုစီးပွားရေးချို့ငဲ့မှု လျှော့ချရန်နှင့် အရည်အသွေးမီငွေကြေးဆိုင်ရာဖြေရှင်းခြင်းနည်းလမ်းများဖြင့် လူနေမှုအဆင့်အတန်းများ ပိုမိုကောင်းမွန်လာစေရန်
(Page)ရည်မှန်းချက်
မြန်မာနိုင်ငံသည် စီးပွားရေး အလားအလာရှိသော နိုင်ငံဖြစ်ပါသည်။ သို့သော် မတည်ရင်းနှီးငွေ အလွယ်တကူမရရှိနိုင်သည့်အတွက် စွန့်ဦးတီထွင်သူများအနေဖြင့် လုပ်ငန်းချဲ့ထွင်ရန် သို့မဟုတ် ခေတ်မီအောင် ဆောင်ရွက်ရန် ရွေးချယ်ခွင့် အများကြီး မရှိပါ။ Rent 2 Own သည် ကျေးလက်ဒေသရှိ စွန့်ဦးတီထွင်သူများကို လွတ်လပ်စွာရပ်တည်နိုင်ရန်နှင့် ဝင်ငွေတိုးပွားလာရန် ကူညီခြင်းအားဖြင့် လူနေမှုဘဝအရည်အသွေးကို မြှင့်တင်နိုင်မည့် လွယ်ကူသော နည်းလမ်းသစ်ကို ပေးပါမည်။
What We Do
မည်ကဲ့သို့ ဝန်ဆောင်မှုပေးသနည်း
Rent 2 Own သည် မော်တော်ယာဥ်(သို့)အိမ်သုံးလျှပ်စစ်ပစ္စည်းများ (ရေခဲသေတ္တာ၊အဝတ်လျှာ်စက်) စသည် တို့ကို မိမိ ကိုယ်တိုင်လက်ငင်းမဝယ်ယူလိုသူများ အတွက် လွယ်ကူရိုးရှင်းမြန်ဆန်သည့် နည်းလမ်းများဖြင့် ဖြေရှင်းပေးပါသည်။ ကျွန်ုပ်တို့၏ ငှားရမ်းခြင်းဆိုင်ရာ သဘောတူစာချုပ်သက်တမ်း ကုန်ဆုံးသည့်အခါ customer များသည် ဌားရမ်းထားသည့်ကုန်ပစ္စည်းကို ရယူပိုင်ဆိုင်နိုင်မည် ဖြစ်ပြီး ချေးငွေ(သို့) ပညာသင်စရိတ်ချေးငွေကိုပါ ထပ်မံရယူနိုင်မည် ဖြစ်သည်။ ပထမဆုံးအနေဖြင့်Rent 2 Ownနှင့်ချိတ်ဆက်ထားသည့် မော်တော်ဆိုင်ကယ်အရောင်းဆိုင်များ(သို့) လက်လီရောင်းချသူများမှ တစ်ဆင့် Rent 2 Ownထံသို့ ဆက်သွယ်ရပါမည်။ထို့အပြင် ကျွန်ုပ်တို့၏ Rent 2 Own ရုံးခွဲများနှင့် အွန်လိုင်းဈေးဆိုင်များမှ တစ်ဆင့်လည်း တိုက်ရိုက် ဝန်ဆောင်မှု ပေးပါသည်။နှစ်ဘီးနှင့် သုံးဘီးမော်တော်ဆိုင်ကယ်(ဘီးနှစ်ဘီး(သို့)သုံးဘီးတပ်မော်တော်ဆိုင်ကယ်များ)
ကမ္ဘာကြီးတွင် တစ်နေရာမှ တစ်နေရာသို့ လွယ်ကူစွာ သွားလာနိုင်ခြင်းသည် ကြီးမားသော အပြောင်းအလဲပင် ဖြစ်သည်။ ကျွန်ုပ်တို့နှင့်အတူ ပေါင်းစပ်ဖွဲ့စည်းထားသည့် အရောင်းဆိုင်များမှ တစ်ဆင့် Customer များအတွက် နှစ်ဘီးနှင့် သုံးဘီးမော်တော်ဆိုင်ကယ်များ ရယူအသုံးပြုနိုင်ရန် ဝန်ဆောင်မှုပေးပါသည်။ ကျွန်ုပ်တို့ထံမှ ငှားရမ်းရာတွင် စပေါ်ငွေနှင့် လစဥ်ကြေးသာ ပေးရန် လိုအပ်မည်ဖြစ်ပြီး ထိန်းသိမ်းပြုပြင်မှု နှင့် အာမခံအား အဌားစာချုပ်တွင် ထပ်မံ ထည့်သွင်းချုပ်ဆိုနိုင်မည် ဖြစ်သည်။ စာချုပ်သက်တမ်းကုန်ဆုံးသည့်အခါ client သည် မော်တော်ဆိုင်ကယ်ကို ပိုင်ဆိုင်ခွင့်ရရှိမည်ဖြစ်သည်။ကျွန်ုပ်တို့ ဝန်ဆောင်မှု စတင်ပေးခဲ့သည့်အချိန်မှ စ၍ယနေ့အထိ အမေရိကန်ဒေါ်လာသန်း (၇၀) ကျော်တန်ဖိုးရှိသည့် မော်တော်ဆိုင်ကယ်ပေါင်း ၁၅၀,၀၀၀ ကျော်ကို ဌားရမ်းပေးနိုင်ခဲ့ပြီဖြစ်သည်။အိမ်တွင်းသုံးလျှပ်စစ်ပစ္စည်းများ
ရေခဲသေတ္တာ သို့မဟုတ် အဝတ်လျှော်စက်တစ်လုံး အစားထိုးရန် ရုတ်တရက် လိုအပ်လာသည့်အခါ မိမိအနေဖြင့် ဝယ်ယူစရိတ်အား အလုံးအရင်းဖြင့် ချက်ချင်းသုံးစွဲရန် လိုအပ်လာနိုင်ပါသည်။ Rent 2 Own သည် ထိုအခြေနေမျိုးတွင် ကုန်ကျစရိတ်အား အလုံးအရင်းဖြင့် လက်ငင်းမဝယ်ယူလိုသော Customer များအတွက် အိမ်တွင်းသုံးလျှပ်စစ်ပစ္စည်းများကို စိုက်ထုတ် ဝယ်ယူပေးပြီး နောက်ဆုံးတွင် Customerများက အဆိုပါပစ္စည်းများကို ပိုင်ဆိုင်နိုင်မည့် လိုက်လျောညီထွေရှိသော အဌားဝန်ဆောင်မှုများကို ပေးပါသည်။Life Insurance
What Merchant Say
ကျွန်တော်ကမန်းလေးမှာဆိုပထမဆုံRent2Ownနဲ့ချိတ်တဲ့Merchantတစ်ယောက်ဖြစ်တယ်။ Rent2Own နဲ့အတူတွဲလုပ်တဲ့ကောင်းကျိုးကတော့ ဆိုင်ကယ်တွေပိုရောင်းထွက်တယ် ဘာကြောင့်လဲဆိုတော့ ဒီ serviceကမြန်မာနိုင်ငံတစ်ခုလုံအတွက်အမြန်ရနိုင်လို့ပါ။ ကျွန်တော်တိုဆိုင်serviceအပိုင်လဲပိုကောင်းတာပေါ့ ဆိုင်ငယ်အငှါးပေးနိုင်တော့လေး။ Customers အားလုံးလဲ Rent2Own ကိုကျေနပ်မှုရှိပါတယ်။
ကိုဖိုးလုံး(Motorcycle)
Owner
ကျွန်ုပ်တို့၏ ယဥ်ကျေးမှု
Rent2Own သည် ဝန်ထမ်းများ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် သင်ယူတတ်မြောက်မှုကို အဓိကထားပြီး တစ်ဦးချင်းစီဖွံ့ဖြိုးတိုးတက်မှုရှိစေရန် ဦးစားပေးဆောင်ရွက်လျက်ရှိပါသည်။လုပ်ငန်းခွင်နှင့် ကိုယ်တိုင် ဖွံ့ဖြိုးတိုးတက်လာခြင်း သည် တစ်ဦးချင်းစီ အောင်မြင်လာစေရန်အတွက် အဓိကကျသော အချက်များဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်ကြိုးစားမှုသည် ကူးစက်တတ်သဖြင့် ဝန်ထမ်းတစ်ဦး၏ ဖွံ့ဖြိုးတိုးတက်မှုသည် တစ်ဖွဲ့လုံးအား အကျိုးအမြတ်ဖြစ်စေသည်။
Our Network
သင်္ဃန်းကျွန်းရုံး
မင်းဘူးရုံး
တောင်တွင်းကြီးရုံး
အောင်လံရုံး
တောင်ကြီးရုံး
အောင်ပန်းရုံး
မိတ္ထီလာရုံး
ပျဉ်းမနားရုံး
ကျောက်ဆည်ရုံး
မန္တလေးရုံး
မုံရွာရုံး
မော်လမြိုင်ရုံး
သထုံရုံး
မြိတ်ရုံး
ထားဝယ်ရုံး
ပန်းတနော်ရုံး
သုံးခွရုံး
ပဲခူးရုံး
တောင်ငူရုံး
ညောင်လေးပင်
ပုသိမ်ရုံး
မြောင်းမြရုံး
မအူပင်ရုံး
ဟင်္သတရုံး
ဖျာပုံရုံး
ငသိုင်းချောင်းရုံး
မြန်အောင်ရုံး
မကွေးရုံး
တိုက်ကြီးရုံး
ဒလရုံး
သန်လျင်ရုံး