





What We Do
မည်ကဲ့သို့ ဝန်ဆောင်မှုပေးသနည်း
Rent 2 Own သည် မော်တော်ယာဥ်(သို့)အိမ်သုံးလျှပ်စစ်ပစ္စည်းများ (ရေခဲသေတ္တာ၊အဝတ်လျှာ်စက်) စသည် တို့ကို မိမိ ကိုယ်တိုင်လက်ငင်းမဝယ်ယူလိုသူများ အတွက် လွယ်ကူရိုးရှင်းမြန်ဆန်သည့် နည်းလမ်းများဖြင့် ဖြေရှင်းပေးပါသည်။ ကျွန်ုပ်တို့၏ ငှားရမ်းခြင်းဆိုင်ရာ သဘောတူစာချုပ်သက်တမ်း ကုန်ဆုံးသည့်အခါ customer များသည် ဌားရမ်းထားသည့်ကုန်ပစ္စည်းကို ရယူပိုင်ဆိုင်နိုင်မည် ဖြစ်ပြီး ချေးငွေ(သို့) ပညာသင်စရိတ်ချေးငွေကိုပါ ထပ်မံရယူနိုင်မည် ဖြစ်သည်။ ပထမဆုံးအနေဖြင့်Rent 2 Ownနှင့်ချိတ်ဆက်ထားသည့် မော်တော်ဆိုင်ကယ်အရောင်းဆိုင်များ(သို့) လက်လီရောင်းချသူများမှ တစ်ဆင့် Rent 2 Ownထံသို့ ဆက်သွယ်ရပါမည်။ထို့အပြင် ကျွန်ုပ်တို့၏ Rent 2 Own ရုံးခွဲများနှင့် အွန်လိုင်းဈေးဆိုင်များမှ တစ်ဆင့်လည်း တိုက်ရိုက် ဝန်ဆောင်မှု ပေးပါသည်။နှစ်ဘီးနှင့် သုံးဘီးမော်တော်ဆိုင်ကယ်(ဘီးနှစ်ဘီး(သို့)သုံးဘီးတပ်မော်တော်ဆိုင်ကယ်များ)
ကမ္ဘာကြီးတွင် တစ်နေရာမှ တစ်နေရာသို့ လွယ်ကူစွာ သွားလာနိုင်ခြင်းသည် ကြီးမားသော အပြောင်းအလဲပင် ဖြစ်သည်။ ကျွန်ုပ်တို့နှင့်အတူ ပေါင်းစပ်ဖွဲ့စည်းထားသည့် အရောင်းဆိုင်များမှ တစ်ဆင့် Customer များအတွက် နှစ်ဘီးနှင့် သုံးဘီးမော်တော်ဆိုင်ကယ်များ ရယူအသုံးပြုနိုင်ရန် ဝန်ဆောင်မှုပေးပါသည်။ ကျွန်ုပ်တို့ထံမှ ငှားရမ်းရာတွင် စပေါ်ငွေနှင့် လစဥ်ကြေးသာ ပေးရန် လိုအပ်မည်ဖြစ်ပြီး ထိန်းသိမ်းပြုပြင်မှု နှင့် အာမခံအား အဌားစာချုပ်တွင် ထပ်မံ ထည့်သွင်းချုပ်ဆိုနိုင်မည် ဖြစ်သည်။ စာချုပ်သက်တမ်းကုန်ဆုံးသည့်အခါ client သည် မော်တော်ဆိုင်ကယ်ကို ပိုင်ဆိုင်ခွင့်ရရှိမည်ဖြစ်သည်။ကျွန်ုပ်တို့ ဝန်ဆောင်မှု စတင်ပေးခဲ့သည့်အချိန်မှ စ၍ယနေ့အထိ အမေရိကန်ဒေါ်လာသန်း (၇၀) ကျော်တန်ဖိုးရှိသည့် မော်တော်ဆိုင်ကယ်ပေါင်း ၁၅၀,၀၀၀ ကျော်ကို ဌားရမ်းပေးနိုင်ခဲ့ပြီဖြစ်သည်။အိမ်တွင်းသုံးလျှပ်စစ်ပစ္စည်းများ
ရေခဲသေတ္တာ သို့မဟုတ် အဝတ်လျှော်စက်တစ်လုံး အစားထိုးရန် ရုတ်တရက် လိုအပ်လာသည့်အခါ မိမိအနေဖြင့် ဝယ်ယူစရိတ်အား အလုံးအရင်းဖြင့် ချက်ချင်းသုံးစွဲရန် လိုအပ်လာနိုင်ပါသည်။ Rent 2 Own သည် ထိုအခြေနေမျိုးတွင် ကုန်ကျစရိတ်အား အလုံးအရင်းဖြင့် လက်ငင်းမဝယ်ယူလိုသော Customer များအတွက် အိမ်တွင်းသုံးလျှပ်စစ်ပစ္စည်းများကို စိုက်ထုတ် ဝယ်ယူပေးပြီး နောက်ဆုံးတွင် Customerများက အဆိုပါပစ္စည်းများကို ပိုင်ဆိုင်နိုင်မည့် လိုက်လျောညီထွေရှိသော အဌားဝန်ဆောင်မှုများကို ပေးပါသည်။Life Insurance
- မတော်တဆမှုများနေ့စဉ်လမ်းပေါ်တွင်ဖြစ်ပျက်နိုင်သည့်အတွက် Rent 2 Own's package သည်လမ်းအာမခံနှင့်အတူလာသည်
- မည်သည့်ယာဉ်မတော်တဆမှုကိုမဆိုကျွန်ုပ်တို့အာမခံပေါ်လစီဖြင့်လုံးဝဖုံးအုပ်ထားနိုင်သည်
- သင့်အနေဖြင့်အပိုထပ်ဆောင်းပေးရန်အတွက်မလိုအပ်ပါ။ ကုန်ကျစရိတ်အားလုံးကိုကုမ္ပဏီကကျခံရမည်
What Clients Say

ဦးလှကျော်
Motorcycle Trading (Bago)
’ကျွန်တော်ကတော့ ကျွန်တော့ရဲ့ ခြံက ထွက်တဲ့ ရာသီပေါ် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို မြို့ပေါ်တက်ရောင်းလျှင်စျေးပိုရတယ်။အခုလို Rent 2 Own နဲ့ ချိတ်ဆက်လိုက်တော့ ပိုအဆင်ပြေစေတာပေါ့။ ပွင့်ပွင့်လင်းလင်း ပြောရရင် တရုတ်ဘီးတွေက အတိုးနှုန်းသက်သာပေမယ့် ယိုးဒယားဘီးတွေက ရေရှည်အတွက်ဆို အရည်အသွေးပိုကောင်းပါတယ်လေ။ ပြီးတော့ Rent 2 Own က ဝယ်ယူမယ်ဆိုရင်ပြုပြင်ထိန်းသိမ်းခ အခမဲ့ဖြစ်တဲ့အပြင်ကိုမှစာချုပ်ကာလအတွင်းမှာ သုံးလတစ်ကြိမ် အင်ဂျင်ဝိုင် တစ်ဘူး အလကားရတယ်။ ဒါ့အပြင် Rent 2 Own က ဝန်ဆောင်မှုရယူသူတွေအတွက် လမ်းနဲ့ အသက်အာမခံပါ ပေးထားပါသေးတယ်။ ဒီတော့ လမ်းမှာ ယာဥ်မတော်တဆမှုဖြစ်ခဲ့မယ်ဆိုရင် Rent 2 Own ရဲ့ အာမခံမှာ အကျုံးဝင်မှာဖြစ်ပြီး ကျွန်တော့်တို့ ဝယ်ယူသူဘက်ကဘာမှ ထပ်ပေးစရာမလိုပါဘူး။’’
What Merchant Say


ကျွန်တော်ကမန်းလေးမှာဆိုပထမဆုံRent2Ownနဲ့ချိတ်တဲ့Merchantတစ်ယောက်ဖြစ်တယ်။ Rent2Own နဲ့အတူတွဲလုပ်တဲ့ကောင်းကျိုးကတော့ ဆိုင်ကယ်တွေပိုရောင်းထွက်တယ် ဘာကြောင့်လဲဆိုတော့ ဒီ serviceကမြန်မာနိုင်ငံတစ်ခုလုံအတွက်အမြန်ရနိုင်လို့ပါ။ ကျွန်တော်တိုဆိုင်serviceအပိုင်လဲပိုကောင်းတာပေါ့ ဆိုင်ငယ်အငှါးပေးနိုင်တော့လေး။ Customers အားလုံးလဲ Rent2Own ကိုကျေနပ်မှုရှိပါတယ်။
ကိုဖိုးလုံး(Motorcycle)
Owner
ကျွန်ုပ်တို့၏ ယဥ်ကျေးမှု
Rent2Own သည် ဝန်ထမ်းများ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် သင်ယူတတ်မြောက်မှုကို အဓိကထားပြီး တစ်ဦးချင်းစီဖွံ့ဖြိုးတိုးတက်မှုရှိစေရန် ဦးစားပေးဆောင်ရွက်လျက်ရှိပါသည်။လုပ်ငန်းခွင်နှင့် ကိုယ်တိုင် ဖွံ့ဖြိုးတိုးတက်လာခြင်း သည် တစ်ဦးချင်းစီ အောင်မြင်လာစေရန်အတွက် အဓိကကျသော အချက်များဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်ကြိုးစားမှုသည် ကူးစက်တတ်သဖြင့် ဝန်ထမ်းတစ်ဦး၏ ဖွံ့ဖြိုးတိုးတက်မှုသည် တစ်ဖွဲ့လုံးအား အကျိုးအမြတ်ဖြစ်စေသည်။








Our Network


မင်းဘူးရုံး


ပခုက္ကူရုံး


တောင်တွင်းကြီးရုံး


အောင်လံရုံး


တောင်ကြီးရုံး


အောင်ပန်းရုံး


မိတ္ထီလာရုံး


ပျဉ်းမနားရုံး


ကျောက်ပန်းတောင်းရုံး


ကျောက်ဆည်ရုံး


မန္တလေးရုံး


မုံရွာရုံး


ရွှေဘိုရုံး


မော်လမြိုင်ရုံး


သထုံရုံး


ရဲရုံး


မြိတ်ရုံး


ထားဝယ်ရုံး


ပန်းတနော်ရုံး


သုံးခွရုံး


ပဲခူးရုံး


တောင်ငူရုံး


ဖြူးရုံး


ကျိုက်ထိုရုံး


ညောင်လေးပင်


ပုသိမ်ရုံး


မြောင်းမြရုံး


မအူပင်ရုံး


ဟင်္သတရုံး


ဖျာပုံရုံး


ငသိုင်းချောင်းရုံး


နတလင်းရုံး


ပြည်ရုံး


မြန်အောင်ရုံး


ကျို့ပင်ကောက်ရုံး


လက်ပံတန်းရုံး


မကွေးရုံး


တိုက်ကြီးရုံး


ဒလရုံး


သန်လျင်ရုံး
We Are Looking For Talents
Senior Manager
Experienced Over 1 year
Salary:Nego
Location:Yangon
Call Centre Manager
Experienced Minimum 2 years
Salary:Nego
Location:Yangon
Android Developer
Experienced Non-Manager
Salary:Nego
Location:Yangon
Web Developer
Experienced 2 Years
Salary:5 lakhs to 15 lakhs
Location:Mandalay
Marketing Assistant
Experienced Minimum 10 year
Salary:Nego
Location:Yangon