ကာဗွန်ထုတ်လွှတ်မှုအတွက် ပေးလျော်ခြင်း

ဩဂုတ် 1st, 2020

ရာသီဥတုဆိုးရွားလာခြင်းအကြောင်းကို လူတိုင်း သတိထားမိလာကြပြီး အဓိကတရားခံကတော့ CO2ပင်ဖြစ်သည်။ လူသားမျိုးနွယ်စုများ အနေဖြင့် မိမိတို့၏ နေထိုင်မှုပုံစံကို မပြောင်းလဲပါက အကျိုးဆက်များဖြစ်သည့် အပူချိန်မြင့်တက်လာခြင်း၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းနှင့် ရာသီဥတုကမောက်ကမဖြစ်ခြင်း တို့ကြောင့်ကမ္ဘာပေါ်မှာ နေထိုင်နေတဲ့ သန်းပေါင်းများစွာသော လူသားတို့၏ဘဝနှင့်ဂေဟစနစ်များ အပေါ် ဆိုးရွားစွာ ထိခိုက်လာနိုင်ပါသည်။ 

ရာသီဥတုအပြောင်းအလဲကြောင့်မိုးခေါင်ရေရှားခြင်း၊ ဆိုင်ကလုံးနဲ့ ရေကြီးခြင်း မြန်မာနိုင်ငံတွင် ပုံမှန်ဖြစ်လေ့ရှိပါသည်။ ကျွန်ုပ်တို့ ငှားရမ်းပေးတဲ့မော်တော်ဆိုင်ကယ်တွေရဲ့ အိတ်ဇောက ထုတ်လွှတ်တဲ့ ဓာတ်ငွေ့မှာ CO2ပါဝင်ပါသည်။ ထိုကြောင့် Rent 2 Own မှ ကာဗွန်ထိန်းချုပ်ခြင်းနည်းလမ်းများကို ထောက်ခံခြင်းအားဖြင့် တာဝန်ယူသည်။၂၀၁၈ခုနှစ်၌  Rent 2 Own မှ စတင်ခဲ့သည့် သစ်ပင်စိုက်ပျိုးခြင်းစီမံကိန်းကို ၂၀၁၉ ခုနှစ်မှာ အကျိုးအမြတ်မယူသော ပြည်တွင်းအဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ The Association for Carbon Captureအား လွှဲပြောင်းပေးခဲ့ပြီး ဖြစ်သည်။

၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်မှာ ကလော စည်ပင်သာယာရေး မှရွေးချယ်ပေးသည့် (ရှမ်းပြည်နယ်တောင်ပိုင်း) မြင်ခကျေးရွာ၊ ဟိုပုံးမြို့ (ရှမ်းပြည်နယ်တောင်ပိုင်း) ရှိ နောင်တောင်းဘုန်းကြီးကျောင်း၊ ကျောက်ပန်းတောင်း (မန္တလေးတိုင်းဒေသကြီး) ရှိ ရွှေနဒီဘုန်းကြီးကျောင်းနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပန်းပျိုးလက်ဘုန်းကြီးကျောင်း စသည့် တည်နေရာလေးခုတို့တွင် “၂၅ နှစ်အတွင်း သစ်ပင်မခုတ်ရေး” သဘောတူညီမှုစာချုပ်ဖြင့် အပင်ပေါင်း ၅၀,၀၀၀ ကျော် စိုက်ပျိုးနိုင်ခဲ့ပါတယ်။ သစ်ခုတ်ခြင်းအား တားမြစ်ခြင်းနဲ့ စီမံကိန်းရေရှည်တည်တံ့စေရန် ရည်ရွယ်ချက်ဖြင့် သဘောတူစာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။ 

Rent 2 Own အနေဖြင့် နောင်တွင်လည်း ACC ရဲ့ သစ်တောပြန်လည်ထူထောင်ရေးစီမံကိန်းများနဲ့ လူထုပညာပေးအစီအစဥ်တွေကို ဆက်လက်ထောက်ခံသွားဖို့ ရည်ရွယ်ပါတယ်။