ရွှေနဒီ၊ ကျောက်ပန်းတောင်းမြို့

ဩဂုတ် 5th, 2020

ကျောက်ပန်းတောင်းမြို့ရှိ ရွှေနဒီပရဟိတကျောင်းမှ မိုင် ၃၀ အကွာတွင် ကျွန်ုပ်တို့၏ESAP စီမံကိန်းတစ်ခုအား အကောင်အထည်ဖော်လျက်ရှိပြီး ပြင်တကော်ဆည်အနီးတွင် တည်ရှိပါသည်။ ရာသီဥတု ပူပြင်းခြောက်သွေ့သည့် ဒေသဖြစ်သည့်အလျောက်အရိပ်အာဝါသ ပိုမိုရရှိစေရန်အတွက် သစ်ပင်များ ပိုမိုစိုက်ပျိုးရန် လိုအပ်သည့်အတွက်ရွှေနဒီပရဟိတကျောင်းမှ ဆရာတော်ဦးယုဇန၏ ပံ့ပိုးကူညီမှုဖြင့် အပင်ပေါင်း ၃၇၀၀ ကို စိုက်ပျိုးနိုင်ခဲ့ပါသည်။ ၎င်းတို့မှာ ဝါးပင် ၇၀၀၀၊ Acacia Magnum ပင်ပေါင်း ၁၀၀၀၊ Tectona grandis ပင်ပေါင်း ၁၀၀၀၊ Shorea Robusta ပင်ပေါင်း ၅၀၀ နှင့် Indian Mahoganyပင်ပေါင်း ၅၀၀ တို့ ဖြစ်သည်။