အင်းပြင်နှင့် မြင်ခ၊ ကလောမြို့

ဇူလိုင် 7th, 2020

ကလောတိုင်းဒေသကြီးအနီး မြင်ခနှင့် အင်းပြင်ကျေးရွာတွင် ကျွန်ုပ်တို့၏ ESAP စီမံကိန်းတစ်ခုအား အကောင်အထည်ဖော်လျက်ရှိပါသည်။ယခင်က အဆိုပါဒေသ၌ သစ်ပင်များ ဝန်းရံလျှက် သာသာယာယာ ရှိပါသည်။ သို့သော် ဝမ်းနည်းစရာတစ်ခုမှာ ထင်းရှူးဆီထုတ်လုပ်ရောင်းချခြင်းနှင့် သစ်ပင်ခုတ်ခြင်း မြင့်တက်လာသည့်အတွက် ယခုအခါတွင် အဆိုပါဒေသ၌ သစ်တောပြုန်းခြင်းမှာ အဓိကပြဿနာတစ်ရပ် ဖြစ်လာခဲ့သည်။ သဘာဝအလှတရားကို ထိန်းသိမ်းရန်နှင့် သစ်ပင်များ ထပ်မံစိုက်ပျိုးရန်အတွက်Rent 2 Own Myanmar သည် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ အကူအညီဖြင့် ကလောတိုင်းဒေသကြီးတွင် အပင်ပေါင်း ၅၀၀၀ စိုက်ပျိုးခဲ့ပါသည်။ စိုက်ပျိုးခဲ့သည့် အပင်များမှာ Enterolobium ပင်ပေါင်း ၇၀၀၊  Jacaranda ပင်ပေါင်း ၁၁၀၀၊  Pongamia ပင်ပေါင်း ၁၁၀၀၊Brachychiton acerifolius ပင်ပေါင်း ၁၀၀၀၊ ချယ်ရီပင်ပေါင်း ၅၀၀၊ ယူကလစ်ပင်ပေါင်း ၁၀၀၊ Basil ပင် ၂၀၀၊ ဝါးပင် ၂၀၀နှင့်Silver Oak ၁၀၀ တို့ ဖြစ်ပါသည်။