ဝန်ဆောင်မှုရယူသူများအား ကာကွယ်ခြင်း

ဝန်ဆောင်မှုရယူသူများ၏ ဘဝ ဖွံ့ဖြိုးတိုးတက်အောင် နည်းလမ်းများ ပေးခြင်းသည် ကောင်းမွန်သည့် လုပ်ရပ်ပင် ဖြစ်သည်။ထို့အပြင် ကျွန်ုပ်တို့သည် ဝန်ဆောင်မှုရယူသူများ ကြွေးမြီဝန်ပိခြင်းကို တားဆီးပေးခြင်း၊ ဝန်ဆောင်မှုရယူသူများ၏ အချက်အလက်များကို လျှို့ဝှက်ထိန်းသိမ်းခြင်း၊ ကျိုးကြောင်းဆီလျော်သော တန်ဖိုးသတ်မှတ်ခြင်းနှင့် ဝန်ဆောင်မှုရယူသူများ၏ တိုင်ကြားချက်ကို လျင်မြန်စွာ ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို ပြုလုပ်ပေးပါသည်။ Rent 2 Own သည်Alinus Cerise စံသတ်မှတ်ချက် အသိအမှတ်ပြုလက်မှတ် ရရှိထားသည့် ကုမ္ပဏီဖြစ်ပြီး ဝန်ဆောင်မှုရယူသူများအား ကာကွယ်ခြင်းနှင့် စပ်လျဥ်း၍ ကျွန်ုပ်တို့၏Alinus ရမှတ်မှာ ၆၈% ဖြစ်သည်။အထူးသဖြင့် ကြွေးမြီဝန်ပိမှု တားဆီးခြင်းတွင် ၈၀% နှင့် ကျိုးကြောင်းဆီလျော်သည့် တန်ဖိုးသတ်မှတ်ခြင်းတွင် ၉၀% ထိရရှိထားပါသည်။ 

စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ပန်းတိုင်များကို အထောက်အကူပြုခြင်း

ကုလသမဂ္ဂမှ ရေးဆွဲခဲ့သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များ(SDGs) ဆိုသည်မှာ ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့မည့် အနာဂတ်အတွက် လမ်းညွှန်မြေပုံပင် ဖြစ်သည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်များတွင် မြန်မာနိုင်ငံမှ ဝင်ငွေနည်းလူများကို ဝန်ဆောင်မှုများ ပေးခြင်းအားဖြင့် ကျေးလက်ဒေသအလုပ်အကိုင်ပေါများမှုနှင့် လူနေမှုအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများမှတစ်ဆင့် ကျွန်ုပ်တို့သည်  SDGs (၁၇) ခုအနက် ၅ ခုကို အထောက်အပံ့ပြုနိုင်ခဲ့ပါသည်။ ၎င်းတို့မှာ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး(ရည်မှန်းချက်၁)၊ကောင်းမွန်သော ကျန်းမာရေး စောင့်ရှောက်မှု ရရှိရေး(ရည်မှန်းချက် ၃)၊ အရည်အချင်းပြည့်ဝသောပညာရေးရရှိရေး(ရည်မှန်းချက် ၄)၊သင့်တင့်လျောက်ပတ်သော အလုပ်အကိုင်နှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိရေး(ရည်မှန်းချက် ၈)၊ စက်မှုဆန်းသစ် တီထွင်မှုနှင့် အခြေခံအဆောက်အအုံ မြှင့်တင်ရေး(ရည်မှန်းချက် ၉) တို့ ဖြစ်သည်။ 

ကာဗွန်ထုတ်လွှတ်မှုအတွက် ပေးလျော်ခြင်း

ရာသီဥတုဆိုးရွားလာခြင်းအကြောင်းကို လူတိုင်း သတိထားမိလာကြပြီး အဓိကတရားခံကတော့ CO2ပင်ဖြစ်သည်။ လူသားမျိုးနွယ်စုများ အနေဖြင့် မိမိတို့၏ နေထိုင်မှုပုံစံကို မပြောင်းလဲပါက အကျိုးဆက်များဖြစ်သည့် အပူချိန်မြင့်တက်လာခြင်း၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းနှင့် ရာသီဥတုကမောက်ကမဖြစ်ခြင်း တို့ကြောင့်ကမ္ဘာပေါ်မှာ နေထိုင်နေတဲ့ သန်းပေါင်းများစွာသော လူသားတို့၏ဘဝနှင့်ဂေဟစနစ်များ အပေါ် ဆိုးရွားစွာ ထိခိုက်လာနိုင်ပါသည်။  ရာသီဥတုအပြောင်းအလဲကြောင့်မိုးခေါင်ရေရှားခြင်း၊ ဆိုင်ကလုံးနဲ့ ရေကြီးခြင်း မြန်မာနိုင်ငံတွင် ပုံမှန်ဖြစ်လေ့ရှိပါသည်။ ကျွန်ုပ်တို့ ငှားရမ်းပေးတဲ့မော်တော်ဆိုင်ကယ်တွေရဲ့ အိတ်ဇောက ထုတ်လွှတ်တဲ့ ဓာတ်ငွေ့မှာ CO2ပါဝင်ပါသည်။ ထိုကြောင့် Rent 2 Own မှ ကာဗွန်ထိန်းချုပ်ခြင်းနည်းလမ်းများကို ထောက်ခံခြင်းအားဖြင့် တာဝန်ယူသည်။၂၀၁၈ခုနှစ်၌  Rent 2 Own မှ စတင်ခဲ့သည့် သစ်ပင်စိုက်ပျိုးခြင်းစီမံကိန်းကို ၂၀၁၉ ခုနှစ်မှာ အကျိုးအမြတ်မယူသော ပြည်တွင်းအဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ The Association for Carbon Captureအား လွှဲပြောင်းပေးခဲ့ပြီး ဖြစ်သည်။ ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်မှာ ကလော စည်ပင်သာယာရေး မှရွေးချယ်ပေးသည့် (ရှမ်းပြည်နယ်တောင်ပိုင်း) မြင်ခကျေးရွာ၊ ဟိုပုံးမြို့ (ရှမ်းပြည်နယ်တောင်ပိုင်း) ရှိ နောင်တောင်းဘုန်းကြီးကျောင်း၊ ကျောက်ပန်းတောင်း (မန္တလေးတိုင်းဒေသကြီး) ရှိ ရွှေနဒီဘုန်းကြီးကျောင်းနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ […]

Admin Team၏Covid-19ကာကွယ်ရေး

Rent2Own ရဲ့ မိတ်ဟောင်းမိတ်သစ် customers များကို အကောင်းဆုံးဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ဆိုတာ ကျွန်တော်တို့ Rent2Own ဝန်ထမ်းတွေရဲ့ ကျန်းမာရေးကလည်း အရေးကြီးလှပါတယ်။ Rent2Own ဝန်ထမ်းများ၏ကျန်းမာရေးနှင့်ဘေးအန္တရာယ်ကင်းရှင်းရေးတို့အတွက်Rent2Ownရုံးချုပ်မှAdmin TeamကCovid-19ကာကွယ်ရေးအတွက်ယခုလိုစနစ်တကျလုပ်ဆောင်ထားပါတယ်။

အင်းပြင်နှင့် မြင်ခ၊ ကလောမြို့

ကလောတိုင်းဒေသကြီးအနီး မြင်ခနှင့် အင်းပြင်ကျေးရွာတွင် ကျွန်ုပ်တို့၏ ESAP စီမံကိန်းတစ်ခုအား အကောင်အထည်ဖော်လျက်ရှိပါသည်။ယခင်က အဆိုပါဒေသ၌ သစ်ပင်များ ဝန်းရံလျှက် သာသာယာယာ ရှိပါသည်။ သို့သော် ဝမ်းနည်းစရာတစ်ခုမှာ ထင်းရှူးဆီထုတ်လုပ်ရောင်းချခြင်းနှင့် သစ်ပင်ခုတ်ခြင်း မြင့်တက်လာသည့်အတွက် ယခုအခါတွင် အဆိုပါဒေသ၌ သစ်တောပြုန်းခြင်းမှာ အဓိကပြဿနာတစ်ရပ် ဖြစ်လာခဲ့သည်။ သဘာဝအလှတရားကို ထိန်းသိမ်းရန်နှင့် သစ်ပင်များ ထပ်မံစိုက်ပျိုးရန်အတွက်Rent 2 Own Myanmar သည် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ အကူအညီဖြင့် ကလောတိုင်းဒေသကြီးတွင် အပင်ပေါင်း ၅၀၀၀ စိုက်ပျိုးခဲ့ပါသည်။ စိုက်ပျိုးခဲ့သည့် အပင်များမှာ Enterolobium ပင်ပေါင်း ၇၀၀၊  Jacaranda ပင်ပေါင်း ၁၁၀၀၊  Pongamia ပင်ပေါင်း ၁၁၀၀၊Brachychiton acerifolius ပင်ပေါင်း ၁၀၀၀၊ ချယ်ရီပင်ပေါင်း ၅၀၀၊ ယူကလစ်ပင်ပေါင်း ၁၀၀၊ Basil ပင် ၂၀၀၊ ဝါးပင် ၂၀၀နှင့်Silver Oak ၁၀၀ တို့ ဖြစ်ပါသည်။