နည်းပညာမြင့် ဝန်ဆောင်မှု

ကျွန်တော်တို့ အောင်မြင်ရခြင်း၏ အကြောင်းရင်းများအနက် တစ်ခုမှာ သတင်းအချက်အလက်နည်းပညာ ခိုင်မာတောင့်တင်းအောင် တည်ဆောက်နိုင်မှု ကြောင့်ဖြစ်သည်။အရောင်းနှင့်ဝန်ဆောင်မှုတို့ကို အဆင့်မြင့် ဖြေရှင်းသည့် နည်းလမ်းများနှင့်ပေါင်းစပ်လိုက်သည့်အခါ ဝန်ဆောင်မှုရယူသူများအား ထိုက်တန်သည့် ဝန်ဆောင်မှုမျိုးကို ပေးစွမ်းနိုင်ခဲ့သည်။ ကွင်းဆင်းငွေကောက်ခံရေးအဖွဲ့နှင့် ကျွန်ုပ်တို့နှင့် မိတ်ဖက်ကုန်သည်များ ပိုမိုလွယ်ကူမှုရှိစေရန် အတွက် Application များကို တီထွင်ဖန်တီးပေးထားသည်။ ဥပမာအားဖြင့် ကုန်သည်များသည် မကြာခင် ပြုလုပ်မည့် ငွေပေးချေမှုများနှင့် အရောင်းပမာဏ တို့ကို Application မှတစ်ဆင့် သိရှိနိုင်မည်ဖြစ်သည်။  ကြွေးမြီဆုံးရှုံးမှုစီမံခန့်ခွဲခြင်းသည် အဓိကသော့ချက်ဖြစ်သည်။Rent 2 Own သည် စာချုပ်သက်တမ်းတစ်လျှောက်လုံး မည်သည့်အဆင့်တွင်မဆို ဆုံးရှုံးမှုလျှော့ချနိုင်မည့် ငွေကြေးဆိုင်ရာ နည်းပညာ အများအပြားကို အသုံးပြု၍ ဖြေရှင်းပါသည်။Client က ချေးငွေရယူရန် လျှောက်ထားသည့်အခါ ကျွန်ုပ်တို့သည် OTP မှ တစ်ဆင့် အဆိုပါ Client မည်သူမည်ဝါဖြစ်ကြောင်းကို စစ်ဆေးပါသည်။ ထို့ပြင် ကျွန်ုပ်တို့သည် ငွေကြေးလိမ်လည်မှု မဖြစ်စေရန် စစ်ဆေးရာတွင် Viber သို့မဟုတ် အခြားသော ဆိုရှယ်မီဒီယာများ ကိုလည်း အသုံးပြုပါသည်။  […]

ငှားရမ်းသူ ၁၀၀,၀၀၀ ပြည့် အမှတ်တရ အခမ်းအနား ကျင်းပခြင်း

Rent 2 Own သည် စီးပွားရေးလုပ်ငန်းလိုင်စင်ဖြင့် အဌားဝန်ဆောင်မှုကို ဆောင်ရွက်ပေးသော ကုမ္ပဏီရုံးချုပ်သည် ရန်ကုန်မြို့တွင် တည်ရှိပါသည်။ ဒေသဆိုင်ရာရုံးချုပ်များနှင့် အတူ ရုံးခွဲပေါင်း ၅၀ ကို သန်လျင်၊ ပြည်၊ မကွေး၊ မုံရွာ၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ကြီး၊ ပဲခူးနှင့် မိတ္ထီလာတို့တွင်လည်းဖွင့်လှစ်ထားပြီး   နိုင်ငံတစ်ဝှမ်းရှိ မော်တော်ဆိုင်ကယ်ကုန်သည်ပေါင်း ၄၀၀ ကျော်တို့နှင့်အတူ ပူးပေါင်း လုပ်ကိုင်ဆောင်ရွက်လျက် ရှိပါသည်။ R2O၏ ဝန်ဆောင်မှု ဆောင်ရွက်ပုံမှာ ရိုးရှင်းပါသည်။ ဝန်ဆောင်မှုရယူသူက မော်တော်ဆိုင်ကယ်တန်ဖိုး၏ ၁၀% သို့မဟုတ် ၁၀% ထက် ပို၍ ပေးပြီးနောက် လစဥ် သို့မဟုတ် သုံးလတစ်ကြိမ် ငွေပေးသွင်းသွားရုံသာ လိုအပ်သည်။ မော်တော်ဆိုင်ကယ်တိုင်းအတွက် အာမခံအပြည့်အဝ ထားရှိထားပြီး ပြုပြင်ထိန်းသိမ်းခပါ ပါဝင်ပြီးဖြစ်သည်။ စာချုပ်သက်တမ်းကုန်ဆုံးသွားသည့်အခါ ဝန်ဆောင်မှုရယူသူက မော်တော်ဆိုင်ကယ်ကို ယူလိုက်ရုံ သို့မဟုတ် ပြန်အပ်နှံနိုင်သည်။ပြန်အပ်ပါက စပေါ်ငွေကို ပြန်လည်ပေးအပ်မည်ဖြစ်သည်။“ဝန်ဆောင်မှုရယူသူ ၁၀၀,၀၀၀ ပြည့်တဲ့ မှတ်ကျောက်တင်နိုင်တဲ့အတွက် အမှန်တကယ် […]

ရုံးခွဲဖွင့်လှစ်ခြင်း

မကွေးရုံးခွဲဖွင့်လှစ်ခြင်း ရက်စွဲ – ၂၀၁၇ ခုနှစ်၊ မေလ၊ ၁၆ ရက်  အချိန် – နံနက် ၉း၃၀ မှ ညနေ ၅း၃၀ အထိ နေရာ – မကွေး သန်လျင်၊ ပဲခူး၊ ပုသိမ်နှင့် ပြည်မြို့တို့တွင် ရုံးခွဲများ ဖွင့်လှစ်ပြီးနောက်Rent 2 Own သည် ၅ ခုမြောက် ရုံးခွဲကို မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ဖွင့်လှစ်ခဲ့ပါသည်။ ဤ ရုံးခွဲနှင့် အခြားသော ဒေသတွင်း ရုံးခွဲငယ် ကွန်ရက် ၄ ခုကို ချိတ်ဆက်မည်ဖြစ်ပြီး ရက်သတ္တပတ် အကြာတွင် ထပ်မံ ဖွင့်လှစ်မည်ဖြစ်သည်။ ၎င်းတို့မှာ မင်းဘူး၊ တောင်တွင်းကြီး၊ အောင်လံနှင့် နတ်မောက်တို့ဖြစ်ပါသည်။Rent 2 Own ကို မြန်မာနိုင်ငံ အောက်ပိုင်းတွင်သာ […]

သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးခြင်း

သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးခြင်း – လေထုထဲသို့ မော်တော်ဆိုင်ကယ်မှ ထွက်သည့် အခိုးအငွေ့များရဲ့ ဆိုးကျိုးကို လျှော့ချရန်အတွက် ကျွန်ုပ်တို့သည်Association for Carbon Capture ကို အားပေးထောက်ပံ့မှု ပြုလုပ်ပါသည်။ ကျွန်ုပ်တို့သည် ၂၀၁၈ ခုနှစ်တွင် သစ်မာပင်ပေါင်း ၁၂,၀၀၀ ကို စိုက်ပျိုးခဲ့ပြီး ၂၀၁၉ ခုနှစ် သစ်တောပြန်လည်ထူထောင်ရေးကမ်ပိန်းတွင် နောက်ထပ်သစ်ပင်ပေါင်း ၃၅,၀၀၀ ကို ထပ်မံစိုက်ပျိုးရန် ရည်မှန်းပါသည်။ ကျွန်ုပ်တို့၏ ဝန်ထမ်းများသည်လည်း ထိုသို့သော လုပ်ဆောင်မှုများတွင် စေတနာ့ဝန်ထမ်းများအဖြစ် တက်ကြွစွာ ပါဝင်လုပ်ကိုင်ကြပါသည်။ 

RENT 2 OWN သည် အဓိကရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်သည်

RENT2OWN INCOFIN ထံမှ ကြွေးမြီ အမေရိကန်ဒေါ်လာ ၃ သန်းကို ရယူ၍ မြန်မာနိုင်ငံရှိ ဝင်ငွေနည်းပြည်သူများ သွားလာရေးလွယ်ကူမှုကို မြှင့်တင်ခဲ့ပါသည်။  RENT2OWN INCOFIN ထံမှ ကြွေးမြီ အမေရိကန်ဒေါ်လာ ၃ သန်းကို ရယူ၍ မြန်မာနိုင်ငံရှိ ဝင်ငွေနည်းပြည်သူများ သွားလာရေးလွယ်ကူမှုကို မြှင့်တင်ခဲ့ပါသည်။ Incofin ၏ စီမံခန့်ခွဲမှုအောက်တွင်ရှိသော Incofin CVSO သည် မြန်မာနိုင်ငံရှိ Rent 2 Own အား senior loan အဖြစ် အမေရိကန်ဒေါ်လာ ၃ သန်းကို ချေးခဲ့ပါသည်။ Rent 2 Own သည် ၂၀၁၆ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင် ပွင့်လင်းမြင်သာမှုရှိ၍ တတ်နိုင်သော အဖိုးအခဖြင့် မော်တော်ဆိုင်ကယ်ငှားရမ်းခြင်းဝန်ဆောင်မှုကို ဆောင်ရွက်ခဲ့ပါသည်။ အခြေပစ္စည်း […]

မျှော်မှန်းချက်

လူမှုစီးပွားရေးချို့ငဲ့မှု လျှော့ချရန်နှင့် အရည်အသွေးမီငွေကြေးဆိုင်ရာဖြေရှင်းခြင်းနည်းလမ်းများဖြင့် လူနေမှုအဆင့်အတန်းများ ပိုမိုကောင်းမွန်လာစေရန် (Page)

ရည်မှန်းချက်

မြန်မာနိုင်ငံသည် စီးပွားရေး အလားအလာရှိသော နိုင်ငံဖြစ်ပါသည်။ သို့သော် မတည်ရင်းနှီးငွေ အလွယ်တကူမရရှိနိုင်သည့်အတွက် စွန့်ဦးတီထွင်သူများအနေဖြင့် လုပ်ငန်းချဲ့ထွင်ရန် သို့မဟုတ် ခေတ်မီအောင် ဆောင်ရွက်ရန် ရွေးချယ်ခွင့် အများကြီး မရှိပါ။ Rent 2 Own သည် ကျေးလက်ဒေသရှိ စွန့်ဦးတီထွင်သူများကို လွတ်လပ်စွာရပ်တည်နိုင်ရန်နှင့် ဝင်ငွေတိုးပွားလာရန် ကူညီခြင်းအားဖြင့် လူနေမှုဘဝအရည်အသွေးကို မြှင့်တင်နိုင်မည့် လွယ်ကူသော နည်းလမ်းသစ်ကို ပေးပါမည်။