RENT 2 OWN သည် အဓိကရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်သည်

ဇူလိုင် 7th, 2020

RENT2OWN INCOFIN ထံမှ ကြွေးမြီ အမေရိကန်ဒေါ်လာ ၃ သန်းကို ရယူ၍ မြန်မာနိုင်ငံရှိ ဝင်ငွေနည်းပြည်သူများ သွားလာရေးလွယ်ကူမှုကို မြှင့်တင်ခဲ့ပါသည်။  RENT2OWN INCOFIN ထံမှ ကြွေးမြီ အမေရိကန်ဒေါ်လာ ၃ သန်းကို ရယူ၍ မြန်မာနိုင်ငံရှိ ဝင်ငွေနည်းပြည်သူများ သွားလာရေးလွယ်ကူမှုကို မြှင့်တင်ခဲ့ပါသည်။ Incofin ၏ စီမံခန့်ခွဲမှုအောက်တွင်ရှိသော Incofin CVSO သည် မြန်မာနိုင်ငံရှိ Rent 2 Own အား senior loan အဖြစ် အမေရိကန်ဒေါ်လာ ၃ သန်းကို ချေးခဲ့ပါသည်။ Rent 2 Own သည် ၂၀၁၆ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင် ပွင့်လင်းမြင်သာမှုရှိ၍ တတ်နိုင်သော အဖိုးအခဖြင့် မော်တော်ဆိုင်ကယ်ငှားရမ်းခြင်းဝန်ဆောင်မှုကို ဆောင်ရွက်ခဲ့ပါသည်။ အခြေပစ္စည်း အမေရိကန်ဒေါ်လာ ၃၃ သန်းဖြင့် စတင်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ၃ နှစ်မြောက်နှစ်ပတ်လည်အခမ်းအနားကို ကျင်းပခဲ့သည်။ အဆိုပါ ၃ နှစ်အတွင်း Rent 2 Own သည် ပြည်နယ် ၈ ပြည်နယ်တွင် ရုံးခွဲပေါင်း ၃၉ ရုံးကို ဖွင့်လှစ်၍ အခြေချနိုင်ခဲ့ပြီး ဝန်ထမ်းပေါင်း ၄၅၀ ဖြင့် ဝန်ဆောင်မှုရယူသူပေါင်း ၁၀၀,၀၀၀ နီးပါးကို ဝန်ဆောင်မှုပေးနိုင်ခဲ့သည်။ ဝန်ဆောင်မှုရယူသူ၏ ၇၀% မှာ တစ်လလျှင် အမေရိကန်ဒေါ်လာ ၂၀၀ အောက် ရရှိသူများဖြစ်ကြ၍  Rent 2 Own သည် လူမှုစီပွားရေအပေါ် အကျိုးသက်ရောက်မှုရှိသော အစီအစဥ်တစ်ခုထားရှိပါသည်။ ကုမ္ပဏီသည် တတ်နိုင်သော အဖိုးအခဖြင့် ရွှေ့ပြောင်းနိုင်သော ပစ္စည်း (မော်တော်ဆိုင်ကယ်) ဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်ရရှိရေးနှင့် လူနေမှုအဆင့်အတန်း မြင့်မားရေးကို မြှင့်တင်ဆောင်ရွက်ရန် ရည်ရွယ်ပါသည်။ ထို့ပြင် Rent 2 Own တွင် “စိမ်းလန်းစိုပြေရေးအစီအစဥ်” တစ်ရပ်လည်းရှိပါသေးသည်။ မော်တော်ဆိုင်ကယ်မှ CO2 ဓာတ်ငွေ့များ ထုတ်လွှတ်တတ်ခြင်းကို သိရှိသဖြင့် R20 သည် ကာဗွန်လျှော့ချသော အဖွဲ့အစည်းဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် သစ်တောပြန်လည်ထူထောင်ရေးကို ဆောင်ရွက်နေပါသည်။  

ကျွန်တော်တို့ရဲ့ အငှားဝန်ဆောင်မှုကြောင့် ဝန်ဆောင်မှုရယူသူလူငယ်တွေဟာ သူတို့နေအိမ်ရဲ့ အဝေးမှာရှိတဲ့ ကုမ္ပဏီတွေမှာ အလုပ်သွားရောက်လျှောက်ထားနိုင်ပြီဖြစ်သလို လယ်သမားများအပါအဝင် ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့လည်း ကုန်ပစ္စည်း အမြောက်အများပို့နိုင်ပြီဖြစ်လို့ ဝင်ငွေတိုးလာတဲ့အကြောင်းကိုလည်း ကြားရပါတယ်။ ကျွန်တော်တို့က ဒေတာအချက်အလက်တွေနဲ့ လုပ်တဲ့ ကုမ္ပဏီဖြစ်လို့ ဝန်ဆောင်ရယူသူတွေရဲ့ ရလဒ်အချက်အလက်တွေကို ကြည့်ပြီးတော့ ကျွန်တော်တို့ရဲ့ အမှန်တကယ် ထိရောက်မှုကို တိုင်းတာပါတယ်။အခုလို နောက်ထပ်ငွေကြေးဖြည့်ဆည်းမှု ရထားတဲ့အတွက် Rent 2 Own Myanmar အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ဝင်ငွေနည်းမိသားစုတွေအတွက် စီးပွားရေးအခွင့်အလက်များ ဆက်လက်ပံ့ပိုးသွားနိုင်ပါလိမ့်မယ်။ – Olivier Bertrand – CFORent 2 Own Myanmar ၏ ဘဏ္ဍာရေးအရာရှိချုပ်

ကျွန်တော်တို့ဟာ ၂၀၁၆ ခုနှစ်မှာ ကုမ္ပဏီစတင်တည်ထောင်လုပ်ကိုင်ကတည်းက ပုံမှန်တိုးတက်မှု ဖြစ်ထွန်လာတာကို ကြည့်ပြီး စိတ်ကျေနပ်မိပါတယ်။ ငွေကြးဝန်ဆောင်မှုမရရှိဘဲ အခြေခံအဆောက်အအုံ မပြည့်စုံတဲ့ မြန်မာ့ကျေးလက်ဒေသတွေမှာ မော်တော်ဆိုင်ကယ် လိုအပ်တဲ့ ဈေးကွက်ရှိနေကြောင်းကို အရင်းအနှီးတိုးပွားလာမှုမှ တစ်ဆင့် သိနေရပါတယ်။ တိုးတက်ဖွံ့ဖြိုးလာပြီးနောက်တွင် ကြွေးမြီဆုံးရှုံးမှုစီမံခန့်ခွဲခြင်းနှင့် လူထုအကျိုးပြုလုပ်ငန်း စီမံခန့်ခွဲမှုတိုင်းတာခြင်းတို့ကို ပိုမိုကောင်းမွန်အောင် သိသိသာသာ ပြုလုပ်ခဲ့သည်။ ကျွန်တော်တို့အနေနဲ့ ကနဦးအဆင့်မှာ အရှိန်အဟုန်နဲ့ လည်ပတ်နေတဲ့ ကုမ္ပဏီတွေရဲ့ ငွေကြေးလိုအပ်ချက်ကို ဖြည့်ဆည်းမယ့် Incofin CVSO ရဲ့ ရည်မှန်းချက်နဲ့ R2O စီမံခန့်ခွဲမှုကြားမှာ သင့်တော်မှုကို တွေ့ရှိခဲ့ပါတယ်။လို့, Incofin IM ရဲ့  ငွေကြေးဖြည့်ဆည်းရေးမန်နေဂျာ Lionel Dieu က ပြောခဲ့ပါတယ်။