ဦးလှကျော်

ဇူလိုင် 7th, 2020

’ကျွန်တော်ကတော့ ကျွန်တော့ရဲ့ ခြံက ထွက်တဲ့ ရာသီပေါ် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို မြို့ပေါ်တက်ရောင်းလျှင်စျေးပိုရတယ်။အခုလို Rent 2 Own နဲ့ ချိတ်ဆက်လိုက်တော့ ပိုအဆင်ပြေစေတာပေါ့။ ပွင့်ပွင့်လင်းလင်း ပြောရရင် တရုတ်ဘီးတွေက အတိုးနှုန်းသက်သာပေမယ့် ယိုးဒယားဘီးတွေက ရေရှည်အတွက်ဆို အရည်အသွေးပိုကောင်းပါတယ်လေ။ ပြီးတော့ Rent 2 Own က ဝယ်ယူမယ်ဆိုရင်ပြုပြင်ထိန်းသိမ်းခ အခမဲ့ဖြစ်တဲ့အပြင်ကိုမှစာချုပ်ကာလအတွင်းမှာ သုံးလတစ်ကြိမ် အင်ဂျင်ဝိုင် တစ်ဘူး အလကားရတယ်။ ဒါ့အပြင် Rent 2 Own က ဝန်ဆောင်မှုရယူသူတွေအတွက် လမ်းနဲ့ အသက်အာမခံပါ ပေးထားပါသေးတယ်။ ဒီတော့ လမ်းမှာ ယာဥ်မတော်တဆမှုဖြစ်ခဲ့မယ်ဆိုရင် Rent 2 Own ရဲ့ အာမခံမှာ အကျုံးဝင်မှာဖြစ်ပြီး ကျွန်တော့်တို့ ဝယ်ယူသူဘက်ကဘာမှ ထပ်ပေးစရာမလိုပါဘူး။’’