အကျိုးသက်ရောက်မှု 

ဩဂုတ် 5th, 2020

Rent 2 Own၏ အငှားဝန်ဆောင်မှုနှင့် ချေးငွေဝန်ဆောင်မှုသည် ဝင်ငွေနည်းအလုပ်သမားများ၊ ကျောင်းသားကျောင်းသူများနှင့် အသေးစားလုပ်ငန်းရှင်များစသည်ဖြင့် အမှန်တကယ် လိုအပ်သူများအပေါ် ကြီးမားသော သက်ရောက်မှုများ ရှိပါသည်။ ကျွန်ုပ်တို့သည် မော်တော်ဆိုင်ကယ်ကဲ့သို့သော သယ်ယူပို့ဆောင်ရေးဆိုင်ရာ စက်ပစ္စည်းများ ကို ရရှိနိုင်ရန် ဝန်ဆောင်မှုပေးပါသည်။ ဤနည်းအားဖြင့် မည်သည့်အလုပ်သမားမဆို အလုပ်ခွင်သို့ ၁၅ မိုင်ပင် ကွာဝေးပါစေ ရောက်အောင် သွားရောက်နိုင်မှာ ဖြစ်သည်။ ဈေးသည်တွေအနေဖြင့်လည်း မော်တော်ဆိုင်ကယ်ကို အသုံးပြုပြီး မိမိတို့၏ ရောင်းကုန်တွေကို ဈေးမှာ ရောင်းချတာပဲဖြစ်ဖြစ်၊ ဝယ်ယူသူတွေထံ အိမ်တိုင်ရာရောက် ပို့ဆောင်တာပဲဖြစ်ဖြစ် ပြုလုပ်နိုင်မှာ ဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် ကျွန်ုပ်တို့Customer တွေရဲ့ ဘဝ ပိုမိုတိုးတက်လာအောင် လုပ်ဆောင်ပေးနိုင်တဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူမိသည်။