ဦးကျော်ဇင်ဦး

ဇူလိုင် 7th, 2020

“လွန်ခဲ့တဲ့ ၅ လက ကျွန်တော် Rent 2 Own ကိုဒီတိုင်းပဲ ရောက်သွားခဲ့ပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးက မော်တော်ဆိုင်ကယ် သွားဝယ်တာဖြစ်ပြီးရောင်းတဲ့သူက ဒီကုမ္ပဏီက တခြား သမားရိုးကျ ငွေရေးကြေးရေးဝန်ဆောင်မှု လုပ်ငန်းတွေ နဲ့ မတူကြောင်းကျွန်တော်တို့ကို ပြောပြပါတယ်။ ဘဏ်တွေထံမှ အရစ်ကျ ဝယ်ယူတဲ့စနစ် အကြောင်းကို ကျွန်တော်တို့ ကြားဖူးပြီးဖြစ်ပေမယ့်Rent 2 Own မှာတော့ အစပိုင်းမှာ စပေါ်ငွေ နည်းနည်းပဲ ပေးရပြီးတော့ ငွေပြန်သွင်းရတဲ့ ပုံစံကလည်းကျွန်တော့် အတွက် ပိုပြီး အဆင်ပြေစေပါတယ်။ အရောင်းဝန်ထမ်းက ကျွန်တော်တို့ကို ငွေပြန်သွင်းရတဲ့ ပုံစံကို သူ့ရဲ့ Tablet ပေါ်မှာ ဖွင့်ပြပြီး ကျွန်တော်တို့ တတ်နိုင်မယ့် ပုံစံကို ရွေးပြတယ်။ အရမ်းကို လွယ်ကူတဲ့အတွက် ကျွန်တော်တောင် အံ့သြမိတယ်။သူရဲ့Tabletပေါ်မှာ တွက်ပြလိုက်တာ ခဏလေးနဲ့ ဆိုင်ကယ်ကို ကျွန်တော်ပိုင်သွားသလိုပဲ။ ကျွန်တော်ထင်ထားတာထက်တောင် ပိုလွယ်ကူပြီး ပိုမြန်တယ်။ ကျွန်တော့အမျိုးသမီးမှာလည်း ခုဆို မော်တော်ဆိုင်ကယ်ရှိနေပြီ။ အရင်ကဆို ကျွန်တော်အလုပ်မသွားခင် သူ့ကို ဈေးကို မောင်းပို့ရပါတယ်။ အခုဆို ကိုယ့်ဘာသာသီးသန့် သွားလို့ရပြီဖြစ်တဲ့အပြင်နောက်ပိုင်း ငွေရေးကြေးရေးလည်း အဆင်ပြေစေတာပေါ့။”