RENT 2 OWN သည် အဓိကရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်သည်။

ဩဂုတ် 5th, 2020

Rent 2 Own သည်INCOFIN ထံမှ ကြွေးမြီ အမေရိကန်ဒေါ်လာ ၃ သန်းကို ရယူ၍ မြန်မာနိုင်ငံရှိ ဝင်ငွေနည်းပြည်သူများ သွားလာရေးလွယ်ကူမှုကို မြှင့်တင်ခဲ့ပါသည်။

RENT2OWNသည် INCOFIN ထံမှ ကြွေးမြီ အမေရိကန်ဒေါ်လာ ၃ သန်းကို ရယူ၍ မြန်မာနိုင်ငံရှိ ဝင်ငွေနည်းပြည်သူများ သွားလာရေးလွယ်ကူမှုကို မြှင့်တင်ခဲ့ပါသည်။Incofin ၏  စီမံခန့်ခွဲမှုအောက်တွင်ရှိသော Incofin CVSO သည် မြန်မာနိုင်ငံရှိRent 2 Own အား senior loan အဖြစ် အမေရိကန်ဒေါ်လာ ၃ သန်းကို ချေးခဲ့ပါသည်။ Rent 2 Own သည် ၂၀၁၆ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင် ပွင့်လင်းမြင်သာမှုရှိ၍ လူအများတတ်နိုင်သည့် အဖိုးအခဖြင့် မော်တော်ဆိုင်ကယ် ငှားရမ်းခြင်းဝန်ဆောင်မှုကိုစတင်ခဲ့ပါသည်။၂၀၁၉ခုနှစ်၊ဖေဖော်ဝါရီလတွင် ၃နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ကျင်းပခဲ့ပြီး ပိုင်ဆိုင်မှုတန်ဖိုး  အမေရိကန်ဒေါ်လာ ၃၃ သန်း ရှိပြီဖြစ်သည်။ အဆိုပါ ၃ နှစ်အတွင်းRent 2 Own သည် ပြည်နယ် ၈ ပြည်နယ်တွင် ရုံးခွဲပေါင်း ၃၉ ရုံးကို ဖွင့်လှစ်အခြေချနိုင်ခဲ့ပြီး ဝန်ထမ်းပေါင်း ၄၅၀ ဖြင့် ဝန်ဆောင်မှုရယူသူပေါင်း ၁၀၀,၀၀၀ နီးပါးကို ဝန်ဆောင်မှု ပေးနိုင်ခဲ့သည်။ ဝန်ဆောင်မှုရယူသူ၏ ၇၀% မှာ တစ်လလျှင် အမေရိကန်ဒေါ်လာ ၂၀၀ အောက် ရရှိသူများ ဖြစ်ကြ၍  Rent 2 Own သည် လူမှုစီပွားရေးအပေါ် အကျိုးသက်ရောက်မှုရှိသော အစီအစဥ်တစ်ခု ထားရှိနိုင်ပြီဖြစ်သည်။ ကုမ္ပဏီသည် လူအများ တတ်နိုင်သည့် အဖိုးအခဖြင့်သယ်ယူပို့ဆောင်ရေး စက်ပစ္စည်း (မော်တော်ဆိုင်ကယ်)ရယူနိုင်ခြင်းဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်ရရှိရေးနှင့် လူနေမှုအဆင့်အတန်း မြင့်မားရေးကို မြှင့်တင်ဆောင်ရွက်ရန် ရည်ရွယ်ပါသည်။ ထို့ပြင်Rent 2 Own တွင် “စိမ်းလန်းစိုပြေရေးအစီအစဥ်” တစ်ရပ်လည်း ရှိပါသေးသည်။ မော်တော်ဆိုင်ကယ် မှ CO2ဓာတ်ငွေ့များ ထုတ်လွှတ်တတ်ခြင်းကို သိရှိသဖြင့် Rent 2 Own သည် ကာဗွန်လျှော့ချသော အဖွဲ့အစည်းဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် သစ်တော ပြန်လည်ထူထောင်ရေးကို ဆောင်ရွက်လျှက်ရှိသည်။  

“ကျွန်တော်တို့ရဲ့ အငှားဝန်ဆောင်မှုကြောင့် ဝန်ဆောင်မှုရယူသူလူငယ်တွေဟာ သူတို့နေအိမ်ရဲ့ အဝေးမှာရှိတဲ့ ကုမ္ပဏီတွေမှာ အလုပ် သွားရောက် လျှောက်ထားနိုင်ပြီ ဖြစ်သလို လယ်သမားများ အပါအဝင် ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့လည်း ကုန်ပစ္စည်း အမြောက်အများ  သယ်ယူပို့ဆောင်နိုင်ပြီဖြစ်လို့ ဝင်ငွေတိုးလာတဲ့အကြောင်းကိုလည်း  ကြားရပါတယ်။ ကျွန်တော်တို့က ဒေတာအချက်အလက်တွေနဲ့ လုပ်တဲ့ ကုမ္ပဏီဖြစ်လို့ ဝန်ဆောင်ရယူသူတွေရဲ့ ရလဒ်အချက်အလက်တွေကို ကြည့်ပြီးတော့ ကျွန်တော်တို့ရဲ့ အမှန်တကယ် ထိရောက်မှုကို တိုင်းတာပါတယ်။အခုလို နောက်ထပ် ငွေကြေးဖြည့်ဆည်းမှု  ရထားတဲ့အတွက် Rent 2 Own Myanmarအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့  ဝင်ငွေနည်းမိသားစုတွေအတွက် စီးပွားရေးအခွင့်အလမ်းများ ဆက်လက် ပံ့ပိုး သွားနိုင်မှာ ဖြစ်ပါတယ်။”– Olivier Bertrand – CFO, Rent 2 Own Myanmar ၏ ဘဏ္ဍာရေးအရာရှိချုပ်

“ကျွန်တော်တို့ဟာ ၂၀၁၆ ခုနှစ်မှာ Rent 2 Own ကုမ္ပဏီနဲ့ပူးတွဲလုပ်ကိုင်ကတည်းကRent 2 Ownရဲ့ပုံမှန်တိုးတက်မှု ကိုကြည့်ပြီး စိတ်ကျေနပ်မိပါတယ်။ချေးငွေပေးအပ်ခြင်း နည်းပါးမှု မြင့်မားတဲ့အပြင် အခြေခံအဆောက်အအုံပါမပြည့်စုံတဲ့ မြန်မာ့ကျေးလက်ဒေသတွေမှာ မော်တော်ဆိုင်ကယ် လိုအပ်တဲ့ ဈေးကွက်ရှိနေကြောင်းကို အရင်းအနှီးတိုးပွားလာမှုမှ တစ်ဆင့် သိနေရပါတယ်။ အရင်းအနှီးတိုးပွားလာတာနဲ့အညီကြွေးမြီဆုံးရှုံးမှုစီမံခန့်ခွဲခြင်းနှင့်လူထုအကျိုးပြုလုပ်ငန်း စီမံခန့်ခွဲမှုတိုင်းတာခြင်းတို့ကို ပိုမိုကောင်းမွန်အောင် သိသိသာသာ ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကနဦးအဆင့်မှာ အရှိန်အဟုန်နဲ့ လည်ပတ်နေတဲ့ ကုမ္ပဏီတွေရဲ့ ငွေကြေးလိုအပ်ချက်ကို ဖြည့်ဆည်းမယ့်Incofin CVSO ရဲ့ ရည်မှန်းချက်နဲ့R2O စီမံခန့်ခွဲမှုကြားမှာ သင့်တော်မှုကို တွေ့ရှိခဲ့ပါတယ်လို့”Incofin IM ရဲ့  ငွေကြေးဖြည့်ဆည်းရေးမန်နေဂျာ Lionel Dieu က ပြောခဲ့ပါတယ်။