RENT 2 OWN ၏ TEAM BUILDING 2017 အခမ်းအနား

ဩဂုတ် 5th, 2020

ရက်စွဲ -၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၇ ရက်မှ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၈ ရက်။ အချိန် – နံနက် ၉း၃၀ မှ နေ့လည် ၃း၃၀။ နေရာ – ငွေဆောင်ကမ်းခြေအပမ်းဖြေဟိုတယ်။Rent2Own အနေဖြင့် ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလ၊ ၇ ရက်နှင့် ၈ ရက်နေ့တွင် ငွေဆောင်ကမ်းခြေ အပမ်းဖြေဟိုတယ်၌ ပထမဆုံး Team Building အခမ်းအနား ပြုလုပ်နိုင်ခဲ့ခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူမိပြီး မျှော်လင့်ထားသည်ထက် ပိုမိုပျော်ရွှင်စရာ ကောင်းပါသည်။ ကမ်းခြေတွင် လွန်ဆွဲခြင်း၊ တိုင်ပေးတမ်းဆော့ခြင်း၊ ဘောလုံးကန်ခြင်း စသည့် ပျော်ရွှင်ဖွယ်ကစားနည်းများဖြင့် ကစားကွင်းသဖွယ် စည်ကားခဲ့ပါသည်။ ဒေသအသီးသီးမှ R2O ဝန်ထမ်းများအားလုံးသည်R2O got talent contest တွင် ပါဝင်ခဲ့ကြပြီး R2O got talent contest ကြောင့် R2O တွင် ဂီတသမား၊ အဆိုတော်၊ ဖျော်ဖြေသူများ စသဖြင့် အရည်အချင်းရှိသူများရှိကြောင်း သိခဲ့ရသည်။အခမ်းအနားမှာ R2O ဝန်ထမ်းများအကြား အလွတ်တမ်းအကပြိုင်ပွဲအဖြစ် ပြောင်းလဲသွားခဲ့ပြီး အခမ်းအနားတက်ရောက်သူ ယောက်ျားလေး၊ မိန်းကလေး ၂၀၀ တို့၏ အကစွမ်းရည်ကို သိရှိခဲ့ရပြီး ၎င်းတို့သည်လာမည့် နှစ်တွင် တစ်ဖန် ဝန်ထမ်းအသစ် ၂၀၀ တို့နှင့်အတူ ပါဝင်ဖျော်ဖြေရမည်ဖြစ်သည်။