မည်ကဲ့သို့ ဝန်ဆောင်မှုပေးသနည်း

Rent 2 Own သည် မော်တော်ယာဥ်(သို့)အိမ်သုံးလျှပ်စစ်ပစ္စည်းများ (ရေခဲသေတ္တာ၊အဝတ်လျှာ်စက်)  စသည် တို့ကို မိမိ ကိုယ်တိုင်လက်ငင်းမဝယ်ယူလိုသူများ အတွက် လွယ်ကူရိုးရှင်းမြန်ဆန်သည့် နည်းလမ်းများဖြင့် ဖြေရှင်းပေးပါသည်။ ကျွန်ုပ်တို့၏ ငှားရမ်းခြင်းဆိုင်ရာ သဘောတူစာချုပ်သက်တမ်း ကုန်ဆုံးသည့်အခါ customer များသည် ဌားရမ်းထားသည့်ကုန်ပစ္စည်းကို ရယူပိုင်ဆိုင်နိုင်မည် ဖြစ်ပြီး ချေးငွေ(သို့) ပညာသင်စရိတ်ချေးငွေကိုပါ ထပ်မံရယူနိုင်မည် ဖြစ်သည်။ ပထမဆုံးအနေဖြင့်Rent 2 Ownနှင့်ချိတ်ဆက်ထားသည့် မော်တော်ဆိုင်ကယ်အရောင်းဆိုင်များ(သို့) လက်လီရောင်းချသူများမှ တစ်ဆင့် Rent 2 Ownထံသို့ ဆက်သွယ်ရပါမည်။ထို့အပြင် ကျွန်ုပ်တို့၏ Rent 2 Own  ရုံးခွဲများနှင့် အွန်လိုင်းဈေးဆိုင်များမှ တစ်ဆင့်လည်း တိုက်ရိုက် ဝန်ဆောင်မှု ပေးပါသည်။

Footer Content – MM

[Burmese Content] Rent2Own is the first company in Myanmar offering a flexible rental service to help prospective buyers acquire a vehicle or a consumer durable. Providing tailored options to those in need of transportation or equipment but lacking the means to buy in one go. Our main focus is helping entrepreneurs to buy the equipment […]

နှစ်ဘီးနှင့် သုံးဘီးမော်တော်ဆိုင်ကယ်(ဘီးနှစ်ဘီး(သို့)သုံးဘီးတပ်မော်တော်ဆိုင်ကယ်များ)

ကမ္ဘာကြီးတွင် တစ်နေရာမှ တစ်နေရာသို့ လွယ်ကူစွာ သွားလာနိုင်ခြင်းသည် ကြီးမားသော အပြောင်းအလဲပင် ဖြစ်သည်။ ကျွန်ုပ်တို့နှင့်အတူ ပေါင်းစပ်ဖွဲ့စည်းထားသည့် အရောင်းဆိုင်များမှ တစ်ဆင့် Customer များအတွက် နှစ်ဘီးနှင့် သုံးဘီးမော်တော်ဆိုင်ကယ်များ ရယူအသုံးပြုနိုင်ရန် ဝန်ဆောင်မှုပေးပါသည်။ ကျွန်ုပ်တို့ထံမှ ငှားရမ်းရာတွင် စပေါ်ငွေနှင့် လစဥ်ကြေးသာ ပေးရန် လိုအပ်မည်ဖြစ်ပြီး ထိန်းသိမ်းပြုပြင်မှု နှင့် အာမခံအား အဌားစာချုပ်တွင် ထပ်မံ ထည့်သွင်းချုပ်ဆိုနိုင်မည် ဖြစ်သည်။ စာချုပ်သက်တမ်းကုန်ဆုံးသည့်အခါ client သည် မော်တော်ဆိုင်ကယ်ကို ပိုင်ဆိုင်ခွင့်ရရှိမည်ဖြစ်သည်။ကျွန်ုပ်တို့ ဝန်ဆောင်မှု စတင်ပေးခဲ့သည့်အချိန်မှ စ၍ယနေ့အထိ အမေရိကန်ဒေါ်လာသန်း (၇၀) ကျော်တန်ဖိုးရှိသည့် မော်တော်ဆိုင်ကယ်ပေါင်း ၁၅၀,၀၀၀ ကျော်ကို ဌားရမ်းပေးနိုင်ခဲ့ပြီဖြစ်သည်။  

အိမ်တွင်းသုံးလျှပ်စစ်ပစ္စည်းများ

ရေခဲသေတ္တာ သို့မဟုတ် အဝတ်လျှော်စက်တစ်လုံး အစားထိုးရန် ရုတ်တရက် လိုအပ်လာသည့်အခါ မိမိအနေဖြင့် ဝယ်ယူစရိတ်အား အလုံးအရင်းဖြင့် ချက်ချင်းသုံးစွဲရန် လိုအပ်လာနိုင်ပါသည်။ Rent 2 Own သည် ထိုအခြေနေမျိုးတွင် ကုန်ကျစရိတ်အား အလုံးအရင်းဖြင့် လက်ငင်းမဝယ်ယူလိုသော Customer များအတွက် အိမ်တွင်းသုံးလျှပ်စစ်ပစ္စည်းများကို စိုက်ထုတ် ဝယ်ယူပေးပြီး နောက်ဆုံးတွင် Customerများက အဆိုပါပစ္စည်းများကို ပိုင်ဆိုင်နိုင်မည့် လိုက်လျောညီထွေရှိသော အဌားဝန်ဆောင်မှုများကို ပေးပါသည်။

Life Insurance

သင့်မော်တော်ဆိုင်ကယ်တွင်အာမခံပါရှိပြီးနောက်ထပ်အာမခံကြေးမရှိပါ မတော်တဆမှုများနေ့စဉ်လမ်းပေါ်တွင်ဖြစ်ပျက်နိုင်သည့်အတွက် Rent 2 Own’s package သည်လမ်းအာမခံနှင့်အတူလာသည် မည်သည့်ယာဉ်မတော်တဆမှုကိုမဆိုကျွန်ုပ်တို့အာမခံပေါ်လစီဖြင့်လုံးဝဖုံးအုပ်ထားနိုင်သည် သင့်အနေဖြင့်အပိုထပ်ဆောင်းပေးရန်အတွက်မလိုအပ်ပါ။ ကုန်ကျစရိတ်အားလုံးကိုကုမ္ပဏီကကျခံရမည်

ငှားရမ်းသူ ၁၀၀,၀၀၀ ပြည့် အမှတ်တရ အခမ်းအနား ကျင်းပခြင်း

Rent 2 Own သည် စီးပွားရေးလုပ်ငန်းလိုင်စင်ဖြင့် အဌားဝန်ဆောင်မှုကို ဆောင်ရွက်ပေးသော ကုမ္ပဏီရုံးချုပ်သည် ရန်ကုန်မြို့တွင် တည်ရှိပါသည်။ ဒေသဆိုင်ရာရုံးချုပ်များနှင့် အတူ ရုံးခွဲပေါင်း ၅၀ ကို သန်လျင်၊ ပြည်၊ မကွေး၊ မုံရွာ၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ကြီး၊ ပဲခူးနှင့် မိတ္ထီလာတို့တွင်လည်းဖွင့်လှစ်ထားပြီး   နိုင်ငံတစ်ဝှမ်းရှိ မော်တော်ဆိုင်ကယ်ကုန်သည်ပေါင်း ၄၀၀ ကျော်တို့နှင့်အတူ ပူးပေါင်း လုပ်ကိုင်ဆောင်ရွက်လျက် ရှိပါသည်။ R2O၏ ဝန်ဆောင်မှု ဆောင်ရွက်ပုံမှာ ရိုးရှင်းပါသည်။ ဝန်ဆောင်မှုရယူသူက မော်တော်ဆိုင်ကယ်တန်ဖိုး၏ ၁၀% သို့မဟုတ် ၁၀% ထက် ပို၍ ပေးပြီးနောက် လစဥ် သို့မဟုတ် သုံးလတစ်ကြိမ် ငွေပေးသွင်းသွားရုံသာ လိုအပ်သည်။ မော်တော်ဆိုင်ကယ်တိုင်းအတွက် အာမခံအပြည့်အဝ ထားရှိထားပြီး ပြုပြင်ထိန်းသိမ်းခပါ ပါဝင်ပြီးဖြစ်သည်။ စာချုပ်သက်တမ်းကုန်ဆုံးသွားသည့်အခါ ဝန်ဆောင်မှုရယူသူက မော်တော်ဆိုင်ကယ်ကို ယူလိုက်ရုံ သို့မဟုတ် ပြန်အပ်နှံနိုင်သည်။ပြန်အပ်ပါက စပေါ်ငွေကို ပြန်လည်ပေးအပ်မည်ဖြစ်သည်။“ဝန်ဆောင်မှုရယူသူ ၁၀၀,၀၀၀ ပြည့်တဲ့ မှတ်ကျောက်တင်နိုင်တဲ့အတွက် အမှန်တကယ် […]

ရုံးခွဲဖွင့်လှစ်ခြင်း

မကွေးရုံးခွဲဖွင့်လှစ်ခြင်း ရက်စွဲ – ၂၀၁၇ ခုနှစ်၊ မေလ၊ ၁၆ ရက်  အချိန် – နံနက် ၉း၃၀ မှ ညနေ ၅း၃၀ အထိ နေရာ – မကွေး သန်လျင်၊ ပဲခူး၊ ပုသိမ်နှင့် ပြည်မြို့တို့တွင် ရုံးခွဲများ ဖွင့်လှစ်ပြီးနောက်Rent 2 Own သည် ၅ ခုမြောက် ရုံးခွဲကို မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ဖွင့်လှစ်ခဲ့ပါသည်။ ဤ ရုံးခွဲနှင့် အခြားသော ဒေသတွင်း ရုံးခွဲငယ် ကွန်ရက် ၄ ခုကို ချိတ်ဆက်မည်ဖြစ်ပြီး ရက်သတ္တပတ် အကြာတွင် ထပ်မံ ဖွင့်လှစ်မည်ဖြစ်သည်။ ၎င်းတို့မှာ မင်းဘူး၊ တောင်တွင်းကြီး၊ အောင်လံနှင့် နတ်မောက်တို့ဖြစ်ပါသည်။Rent 2 Own ကို မြန်မာနိုင်ငံ အောက်ပိုင်းတွင်သာ […]

သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးခြင်း

သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးခြင်း – လေထုထဲသို့ မော်တော်ဆိုင်ကယ်မှ ထွက်သည့် အခိုးအငွေ့များရဲ့ ဆိုးကျိုးကို လျှော့ချရန်အတွက် ကျွန်ုပ်တို့သည်Association for Carbon Capture ကို အားပေးထောက်ပံ့မှု ပြုလုပ်ပါသည်။ ကျွန်ုပ်တို့သည် ၂၀၁၈ ခုနှစ်တွင် သစ်မာပင်ပေါင်း ၁၂,၀၀၀ ကို စိုက်ပျိုးခဲ့ပြီး ၂၀၁၉ ခုနှစ် သစ်တောပြန်လည်ထူထောင်ရေးကမ်ပိန်းတွင် နောက်ထပ်သစ်ပင်ပေါင်း ၃၅,၀၀၀ ကို ထပ်မံစိုက်ပျိုးရန် ရည်မှန်းပါသည်။ ကျွန်ုပ်တို့၏ ဝန်ထမ်းများသည်လည်း ထိုသို့သော လုပ်ဆောင်မှုများတွင် စေတနာ့ဝန်ထမ်းများအဖြစ် တက်ကြွစွာ ပါဝင်လုပ်ကိုင်ကြပါသည်။ 

RENT 2 OWN သည် အဓိကရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်သည်

RENT2OWN INCOFIN ထံမှ ကြွေးမြီ အမေရိကန်ဒေါ်လာ ၃ သန်းကို ရယူ၍ မြန်မာနိုင်ငံရှိ ဝင်ငွေနည်းပြည်သူများ သွားလာရေးလွယ်ကူမှုကို မြှင့်တင်ခဲ့ပါသည်။  RENT2OWN INCOFIN ထံမှ ကြွေးမြီ အမေရိကန်ဒေါ်လာ ၃ သန်းကို ရယူ၍ မြန်မာနိုင်ငံရှိ ဝင်ငွေနည်းပြည်သူများ သွားလာရေးလွယ်ကူမှုကို မြှင့်တင်ခဲ့ပါသည်။ Incofin ၏ စီမံခန့်ခွဲမှုအောက်တွင်ရှိသော Incofin CVSO သည် မြန်မာနိုင်ငံရှိ Rent 2 Own အား senior loan အဖြစ် အမေရိကန်ဒေါ်လာ ၃ သန်းကို ချေးခဲ့ပါသည်။ Rent 2 Own သည် ၂၀၁၆ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင် ပွင့်လင်းမြင်သာမှုရှိ၍ တတ်နိုင်သော အဖိုးအခဖြင့် မော်တော်ဆိုင်ကယ်ငှားရမ်းခြင်းဝန်ဆောင်မှုကို ဆောင်ရွက်ခဲ့ပါသည်။ အခြေပစ္စည်း […]