မျှော်မှန်းချက်

လူမှုစီးပွားရေးချို့ငဲ့မှု လျှော့ချရန်နှင့် အရည်အသွေးမီငွေကြေးဆိုင်ရာဖြေရှင်းခြင်းနည်းလမ်းများဖြင့် လူနေမှုအဆင့်အတန်းများ ပိုမိုကောင်းမွန်လာစေရန် (Page)

ရည်မှန်းချက်

မြန်မာနိုင်ငံသည် စီးပွားရေး အလားအလာရှိသော နိုင်ငံဖြစ်ပါသည်။ သို့သော် မတည်ရင်းနှီးငွေ အလွယ်တကူမရရှိနိုင်သည့်အတွက် စွန့်ဦးတီထွင်သူများအနေဖြင့် လုပ်ငန်းချဲ့ထွင်ရန် သို့မဟုတ် ခေတ်မီအောင် ဆောင်ရွက်ရန် ရွေးချယ်ခွင့် အများကြီး မရှိပါ။ Rent 2 Own သည် ကျေးလက်ဒေသရှိ စွန့်ဦးတီထွင်သူများကို လွတ်လပ်စွာရပ်တည်နိုင်ရန်နှင့် ဝင်ငွေတိုးပွားလာရန် ကူညီခြင်းအားဖြင့် လူနေမှုဘဝအရည်အသွေးကို မြှင့်တင်နိုင်မည့် လွယ်ကူသော နည်းလမ်းသစ်ကို ပေးပါမည်။

ပတ်ဝန်းကျင်နှင့် လူမှုရေးဆောင်ရွက်မှုအစီအစဥ်

Rent 2 Own Myanmar သည် သစ်တောများ ပြန်လည်ထူထောင်ရန်ရည်မှန်းချက်ဖြင့် ၂၀၁၈ ခုနှစ်တွင် Association of Carbon Capture (ACC) ၊မြန်မာ့သစ်တောဦးစီးဌာနနှင့်Kalaw Green Hands Networkတို့နှင့် ပူးပေါင်း၍ အပင်ပေါင်း ၁၂၀၀၀ ကျော် စိုက်ပျိုးခဲ့ပြီးဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ယဥ်ကျေးမှု

Rent2Own သည် ဝန်ထမ်းများ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် သင်ယူတတ်မြောက်မှုကို အဓိကထားပြီး တစ်ဦးချင်းစီဖွံ့ဖြိုးတိုးတက်မှုရှိစေရန် ဦးစားပေးဆောင်ရွက်လျက်ရှိပါသည်။လုပ်ငန်းခွင်နှင့် ကိုယ်တိုင် ဖွံ့ဖြိုးတိုးတက်လာခြင်း သည် တစ်ဦးချင်းစီ အောင်မြင်လာစေရန်အတွက် အဓိကကျသော အချက်များဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်ကြိုးစားမှုသည် ကူးစက်တတ်သဖြင့် ဝန်ထမ်းတစ်ဦး၏ ဖွံ့ဖြိုးတိုးတက်မှုသည် တစ်ဖွဲ့လုံးအား အကျိုးအမြတ်ဖြစ်စေသည်။