ပတ်ဝန်းကျင်နှင့် လူမှုရေးဆောင်ရွက်မှုအစီအစဥ်

Rent 2 Own Myanmar သည် သစ်တောများ ပြန်လည်ထူထောင်ရန်ရည်မှန်းချက်ဖြင့် ၂၀၁၈ ခုနှစ်တွင် Association of Carbon Capture (ACC) ၊မြန်မာ့သစ်တောဦးစီးဌာနနှင့်Kalaw Green Hands Networkတို့နှင့် ပူးပေါင်း၍ အပင်ပေါင်း ၁၂၀၀၀ ကျော် စိုက်ပျိုးခဲ့ပြီးဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ယဥ်ကျေးမှု

Rent2Own သည် ဝန်ထမ်းများ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် သင်ယူတတ်မြောက်မှုကို အဓိကထားပြီး တစ်ဦးချင်းစီဖွံ့ဖြိုးတိုးတက်မှုရှိစေရန် ဦးစားပေးဆောင်ရွက်လျက်ရှိပါသည်။လုပ်ငန်းခွင်နှင့် ကိုယ်တိုင် ဖွံ့ဖြိုးတိုးတက်လာခြင်း သည် တစ်ဦးချင်းစီ အောင်မြင်လာစေရန်အတွက် အဓိကကျသော အချက်များဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်ကြိုးစားမှုသည် ကူးစက်တတ်သဖြင့် ဝန်ထမ်းတစ်ဦး၏ ဖွံ့ဖြိုးတိုးတက်မှုသည် တစ်ဖွဲ့လုံးအား အကျိုးအမြတ်ဖြစ်စေသည်။ 

BUILDING YOUR FUTURE TOGETHER.

BUILDING YOUR FUTURE. TOGETHER Rent 2 Own သည် မော်တော်ယာဥ်(သို့)အိမ်သုံးပစ္စည်းများ ဝယ်ယူသုံးစွဲရန် လိုအပ်နေသူများအတွက် အငှားဝန်ဆောင်မှုပေးခြင်းဖြင့် ကူညီပေးသည့် မြန်မာနိုင်ငံ၏ ပထမဆုံးသော ကုမ္ပဏီ တစ်ခုဖြစ်ပါသည်။ လိုအပ်နေသော မော်တော်ယာဥ်(သို့)အိမ်သုံးပစ္စည်းများကို တစ်ကြိမ်တည်းဖြင့် လက်ငင်း မဝယ်ယူလိုသူ(သို့) မဝယ်ယူနိုင်သူ များအနေဖြင့် အဌားဝန်ဆောင်မှုများအား စိတ်တိုင်းကျရွေးချယ်မှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။ကျွန်ုပ်တို့၏ အဓိကရည်မှန်းချက်မှာ စွန့်ဦးတီထွင်သူများအား ဝင်ငွေရရှိနိုင်ရန်နှင့် လုပ်ငန်းချဲ့ထွင်နိုင်ရေးအတွက် လိုအပ်သည့် ပစ္စည်းကိရိယာများ ဝယ်ယူရာတွင် ကူညီထောက်ပံ့ရန်ဖြစ်ပါသည်။