Rent 2 Ownသည် ၂၀၁၆ခုနှစ်မှ စတင်ခဲ့၍ မြန်မာနိုင်ငံတွင် မော်တော်ဆိုင်ကယ် ပိုင်ဆိုင်လိုသည့် ဝန်ဆောင်မှုရယူသူများအတွက် အဆင်ပြေလွယ်ကူစေမည့် အငှားဝန်ဆောင်မှု ပေးသည့် ပထမဆုံးသော ကုမ္ပဏီဖြစ်သည်…

Rent 2 Ownသည် ၂၀၁၆ခုနှစ်မှ စတင်ခဲ့၍ မြန်မာနိုင်ငံတွင် မော်တော်ဆိုင်ကယ် ပိုင်ဆိုင်လိုသည့် ဝန်ဆောင်မှုရယူသူများအတွက် အဆင်ပြေလွယ်ကူစေမည့် အငှားဝန်ဆောင်မှု ပေးသည့် ပထမဆုံးသော ကုမ္ပဏီဖြစ်သည်။ တစ်ကြိမ်တည်းဖြင့် လက်ငင်း မော်တော်ဆိုင်ကယ် မဝယ်နိုင်သူများအတွက် ရုတ်ချည်းပင်အခွင့်အလန်းများ ရှိလာခဲ့သည်။ ကျွန်ုပ်တို့၏ နည်းလမ်းများသည် ဈေးကွက်အတွင်း ကြီးမားသောအပြောင်းအလဲများ ဖြစ်စေခဲ့သည်။ 

ရုံးခွဲကွန်ရက်များအမြဲ တိုးချဲ့နေသည့်အပြင်Rent 2 Ownနှင့် ပူးပေါင်း ဆောင်ရွက်နေသည့် မော်တော်ဆိုင်ကယ်ရောင်းချသူကုန်သည်အသစ်များလည်း တိုးပွားလာသောကြောင့် ဝန်ဆောင်မှုရယူသူ အရေအတွက်သည်လည်း အလျင်အမြန် တိုးပွားလာခဲ့သည်…

ရုံးခွဲကွန်ရက်များအမြဲ တိုးချဲ့နေသည့်အပြင်Rent 2 Ownနှင့် ပူးပေါင်း ဆောင်ရွက်နေသည့် မော်တော်ဆိုင်ကယ်ရောင်းချသူကုန်သည်အသစ်များလည်း တိုးပွားလာသောကြောင့် ဝန်ဆောင်မှုရယူသူ အရေအတွက်သည်လည်း အလျင်အမြန် တိုးပွားလာခဲ့သည်။ ယခု ၂၀၂၀ ခုနှစ်တွင် ဝန်ထမ်းပေါင်း ၄၀၀ ကျော်ကို ခန့်ထားနိုင်ပြီဖြစ်သည်။ Rent 2 Own ရုံးခွဲပေါင်း ၅၀ ကျော်နှင့် နိုင်ငံတစ်ဝှမ်းမှ မော်တော်ဆိုင်ကယ်ရောင်းချသူ ၄၀၀ ကျော်တို့မှတစ်ဆင့် ဝန်ဆောင်မှုရယူသူပေါင်း ၁၅၀,၀၀၀ ကျော်ကို ဝန်ဆောင်မှု ပေးနိုင်ခဲ့ပြီဖြစ်သည်။ ကျေးလက်ဒေသများမှ ဝင်ငွေနည်း အလုပ်သမားများနှင့် အသေးစားလုပ်ငန်း စွန့်ဦးတီထွင်သူများသည်လည်း ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို အသုံးပြုပြီးနောက် အဆင်ပြေလာကြသည်။ 

ကျွန်ုပ်တို့သည် အခြားနယ်ပယ်များတွင်လည်း ဖွံ့ဖြိုးတိုးတက်ပါသည်…

ကျွန်ုပ်တို့သည် အခြားနယ်ပယ်များတွင်လည်း ဖွံ့ဖြိုးတိုးတက်လာပါသည်။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို ရယူလိုမှု မြင့်တက်လာသည့်အတွက် အဆိုပါ ဖွံ့ဖြိုးတိုးတက်မှုကို ငွေကြေးဖြည့်ဆည်းရန် မတည်ရင်းနှီးငွေ ပိုမိုလိုအပ်ခဲ့ပါသည်။ဂျာမနီနိုင်ငံမှ ငွေရေးကြေးရေး အဖွဲ့အစည်းများဖြစ်သောDEG နှင့် Incofin Investment မှ စီမံခန့်ခွဲသည့်အကျိုးသက်ရောက်မှု ရန်ပုံငွေအဖွဲ့ agRIF ကဲ့သို့သော နာမည်ကောင်းဖြင့် ကျော်ကြားသော မိတ်ဖက်များကို တွေ့ရှိခဲ့သည်။ဂျပန်နိုင်ငံ၏ နာမည်ကြီး ငွေချေးကုမ္ပဏီ တစ်ခု၏ လက်ခွဲဖြစ်သော DAIWA PI Partners သည်လည်း Rent 2 Own တွင် အကျိုးသက်ဆိုင်ခွင့် ရယူခဲ့သည်။ကျွန်ုပ်တို့၏ မိတ်ဖက်သစ်များသည် မတည်ရင်းနှီးငွေကို ထောက်ပံ့ရုံမျှသာမက ကျွန်ုပ်တို့၏ ကုမ္ပဏီအား ပရော်ဖက်ရှင်နယ်ဆန်ဆန် ဆောင်ရွက်နိုင်ရန်ကိုလည်း ဆက်လက် အားပေးကူညီခဲ့သည်။ Rent 2 Own သည် အမှန်တကယ်ပင် ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ 

ကျွန်ုပ်တို့သည် ပြည်သူများ လူနေမှုအဆင့်အတန်းမြင့်မားစေမည့် နည်းလမ်းများ ပံ့ပိုး၍ မြန်မာနိုင်ငံကို ရှေ့သို့ ဆက်လှမ်းနိုင်ရန် အမြဲတစေ ရည်မှန်းခဲ့ပါသည်…

ကျွန်ုပ်တို့သည် ပြည်သူများ လူနေမှုအဆင့်အတန်းမြင့်မားစေမည့် နည်းလမ်းများ ပံ့ပိုး၍ မြန်မာနိုင်ငံကို ရှေ့သို့ ဆက်လှမ်းနိုင်ရန် အမြဲတစေ ရည်မှန်းခဲ့ပါသည်။ ကျေးလက်ဒေသများတွင် သွားလာရေးလွယ်ကူအောင် ဆောင်ရွက်ခြင်းသည် ပထမခြေလှမ်းသာ ဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် ကျွန်ုပ်တို့၏ ဒေသခံမိတ်ဖက်ဖြစ်သော ရွှေမင်းဂံငွေရေးကြေးရေးအဖွဲ့အစည်းသည် ဘဏ်မဟုတ်သော ငွေကြေးဝန်ဆောင်မှု ပြုလုပ်နိုင်မည့် ငွေရေးကြေးရေးအဖွဲ့အစည်းလိုင်စင် ကို ရယူနိုင်ခဲ့သည်။ ယခုတွင် Rent 2 Own သည် နောက်ထပ်ခြေတစ်လှမ်း လှမ်းနိင်ပြီဖြစ်သည်။ ရွှေမင်းဂံငွေရေးကြေးရေးအဖွဲ့အစည်းမှတစ်ဆင့် ကျွန်ုပ်တို့သည် ၂၀၂၀ ခုနှစ်အကုန်တွင် ချေးငွေများ စတင်ထုတ်ပေးနိုင်မည်ဖြစ်သည်။  စတင်ခဲ့သည့် အချိန်မှစ၍ ယခုအချိန်ထိ ကျွန်ုပ်တို့ ခရီးအတော်ရောက်ခဲ့ပြီဖြစ်သည်။ ထောင်ချီသော ဝန်ဆောင်မှုရယူသူများအတွက် သွားလာရေးလွယ်ကူအောင် ဆောင်ရွက်ခြင်း၊ မိတ်ဖက်သစ်များ တွေ့ရှိခြင်း၊ မော်တော်ဆိုင်ကယ်ရောင်းချသူများနှင့် အကျိုးဖြစ်ထွန်းသော ဆက်ဆံရေးထားရှိခြင်းနှင့်Association for Carbon Capture ၏ သစ်တောထူထောင်ရေး ကြိုးပမ်းအားထုတ်မှုတွင် အားပေးထောက်ပံ့မှုပြုလုပ်ခြင်းတို့ကို […]