အိုးစည်တောင်၊ကလောမြို့

ဩဂုတ် 5th, 2020

Rent 2 Own Myanmar နှင့် ကာဗွန်နှင့်ဖန်လုံအိမ်အာနိသင်လျော့ချရေး အသင်း (ACC) တို့သည် ကာဗွန်ဓာတ်ငွေ့လျှော့ချခြင်း၊ ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့လျှော့ချခြင်း လုပ်ငန်းများနှင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြား CSR စီမံကိန်းများ အတွက်အတူတကွလုပ်ဆောင်ကြသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့ ၊ မြင်းကကျေးရွာ အိုးစည်တောင်တွင် သစ်ပင်စိုက်သည့် CSR စီမံကိန်းတစ်ခုရှိသည်။

Rent 2 Own Myanmar နှင့်စီမံကိန်းဒေသမှ သက်ဆိုင်ရာ ကျောင်းထိုင်ဆရာတော်၏ အကူအညီဖြင့် ACC သည် အိုးစည်တောင်သာယာရေးအဖွဲ့နှင့် ၂၀၂၀ခုနှစ် ၊ ဇွန်လ ၃၀ ရက်နေ့တွင်လက်မှတ်ရေးထိုးခဲ့သည်။ စီမံကိန်း ကာလ ပထမလေးနှစ်တာကာလတွင် ကာဗွန်နှင့်ဖန်လုံအိမ်အာနိသင်လျော့ချရေး အသင်း (ACC) မှ စိုက်ပျိုးထားသော သစ်ပင်များအား စိုက်ပျိုးပြီးနှောင်းကာလ (၄) နှစ်အတွင်း ကူညီစောင့်ရှောက်ပေးမည်ဖြစ်ပြီး အိုးစည်တောင်သာယာရေးအဖွဲ့မှစိုက်ပျိုးပြီးအပင်များအားထိန်းသိမ်းစောင့်ရှောက်ကာကွယ်ရန်သဘောတူညီခဲ့ပါသည်။အထူးသဖြင့်စိုက်ပျိုး ပြီးချိန်မှ (၂၅) နှစ် အတွင်း မည်သည့်အခြေအနေမျိုးဖြင့်မှ အပင်များအား မခုတ်ထွင်မဖယ်ရှားရန်သဘောတူညီခဲ့ကြပါသည်။ 

Rent 2 Own Myanmar နှင့် ACC သည် ၎င်းတို့ကိုယ်တိုင်စိုက်ပျိုးပြီးထားသော မြင်းကရွာအနီးရှိ ပျိုးခင်းစိုက်ခင်းမှ ပျိုးပင်များအား အသုံးပြုခဲ့သည်။