Rent 2 Own Myanmar သည် ၂၀၁၈ ခုနှစ်၌ Association of Carbon Capture (ACC) ၊Myanmar Forest Department နှင့်Kalaw Green Hands Networkတို့နှင့် ပူးပေါင်းပြီး အပင်ပေါင်း ၁၂၀၀၀ ကျော် စိုက်ပျိုးခဲ့၍ သစ်တောများ ပြန်လည်ပျိုးထောင်ရန် ရည်မှန်းချက် ရှိပါသည်။ ၂၀၁၉ ခုနှစ် မိုးဦးရာသီတွင် (၁) ကလော၊ မြင်ခရွာမှာ အပင်ပေါင်း ၅,၀၀၀ (၂) ဟိုပုန်း၊ နောင်တောင်းပရဟိတကျောင်းဝန်းကျင်မှာ အပင်ပေါင်း ၁၀,၀၀၀ (၃) ကျောက်ပန်းတောင်း၊ ရွှေနဒီပရဟိတကျောင်းဝန်းကျင်မှာ အပင်ပေါင်း ၁၀,၀၀၀ နှင့် (၄) ပဲခူးတိုင်းဒေသကြီး၊ ပန်းပျိုးလက်ပရဟိတကျောင်း ဝန်းကျင်မှာ အပင်ပေါင်း ၁၀,၀၀၀ စသဖြင့် နောက်ထပ်အပင်ပေါင်း ၃၅,၀၀၀ ကို ထပ်မံစိုက်ပျိုးခဲ့ပါတယ်။
စီမံကိန်းနယ်မြေများမှ ရဟန်းသံဃာများ၏ အကူအညီဖြင့် Rent 2 Own သည် ၂၅ နှစ်အတွင်း သစ်ပင်မခုတ်ရေးသဘောတူစာချုပ်ကို မြန်မာ့သစ်တောဌာန၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ ပထမ ၄ နှစ်အတွင်း Association of Carbon Capture (ACC) သည် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်တို့တွင် စိုက်ပျိုးခဲ့သော သစ်ပင်များကို ထိန်းသိမ်းမည်ဖြစ်သည်။ သစ်တောကို ထိန်းသိမ်းစောင့်ရှောက်ရန် လုံခြုံရေးဝန်ထမ်းများလည်း ငှားရမ်းထားခဲ့ပြီးဖြစ်သည်။ သက်ဆိုင်ရာ ဘုန်းကြီးကျောင်းများနှင့် ကျေးရွာအုပ်စုများက ကျန်ရှိသော ၂၁ နှစ်အတွင်း ထိန်းသိမ်းစောင့်ရှောက်မည်ဖြစ်သည်။ Rent 2 Own Myanmar နှင့်Association of Carbon Capture (ACC) တို့သည် ကာဗွန်လျှော့ချမှု၊ ဖန်လှောင်အိမ်အာနိသင်နှင့် မြန်မာနိုင်ငံအတွင်း အခြားသော လူမှုတာဝန်သိလုပ်ငန်း စီမံကိန်းများတွင် ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်သည်။
ကျွန်ုပ်တို့၏ မျှော်မှန်းချက်– ပြည်သူများတွင် သစ်ပင်စိုက်ပျိုးခြင်းယဥ်ကျေးမှု ထွန်းကားလာစေရန်နှင့် တာဝန်ယူမှုတာဝန်ခံမှုနှင့် အသိဉာဏ်ပညာပြည့်ဝစွာဖြင့် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေရန်။ ရေရှည်တွင် သစ်ပင်များနှင့် ၎င်းတို့အကြား ကောင်းမွန်သော တုံ့ပြန်ဆက်ဆံမှုရှိစေရန်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှု ရေရှည်တည်တံ့စေရန် ဆောင်ရွက်ရာတွင် ပါဝင်ရန် ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ ရည်မှန်းချက်– မော်တော်ဆိုင်ကယ်မှ လေထုထဲသို့ ထုတ်လွှတ်သော အခိုးအငွေ့များ၏ ဆိုးကျိုးများကို လျှော့ချရန် ရည်ရွယ်၍ ကျွန်ုပ်တို့သည် Association of Carbon Capture (ACC) အား အထောက်အပံ့ပြုပါသည်။ ကျွန်ုပ်တို့သည် ၂၀၁၈ ခုနှစ်တွင် သစ်မာပင်ပေါင်း ၁၂,၀၀၀ စိုက်ပျိုးခဲ့ပြီး ကျွန်ုပ်တို့၏ ၂၀၁၉ ခုနှစ် သစ်တောပြန်လည်ထူထောင်ရေးအစီအစဥ်တွင် သစ်ပင်ပေါင်း ၃၅,၀၀၀ ကျော်ကို စိုက်ပျိုးရန် ရည်ရွယ်ခဲ့ပါသည်။ ကျွန်ုပ်တို့၏ ဝန်ထမ်းများသည်လည်း စေတနာ့ဝန်ထမ်းများအဖြစ် ဤအစီအစဥ်တွင် တက်ကြွစွာ ပါဝင် ဆောင်ရွက်ခဲ့ကြပါသည်။