ဦးလှကျော်

’ကျွန်တော်ကတော့ ကျွန်တော့ရဲ့ ခြံက ထွက်တဲ့ ရာသီပေါ် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို မြို့ပေါ်တက်ရောင်းလျှင်စျေးပိုရတယ်။အခုလို Rent 2 Own နဲ့ ချိတ်ဆက်လိုက်တော့ ပိုအဆင်ပြေစေတာပေါ့။ ပွင့်ပွင့်လင်းလင်း ပြောရရင် တရုတ်ဘီးတွေက အတိုးနှုန်းသက်သာပေမယ့် ယိုးဒယားဘီးတွေက ရေရှည်အတွက်ဆို အရည်အသွေးပိုကောင်းပါတယ်လေ။ ပြီးတော့ Rent 2 Own က ဝယ်ယူမယ်ဆိုရင်ပြုပြင်ထိန်းသိမ်းခ အခမဲ့ဖြစ်တဲ့အပြင်ကိုမှစာချုပ်ကာလအတွင်းမှာ သုံးလတစ်ကြိမ် အင်ဂျင်ဝိုင် တစ်ဘူး အလကားရတယ်။ ဒါ့အပြင် Rent 2 Own က ဝန်ဆောင်မှုရယူသူတွေအတွက် လမ်းနဲ့ အသက်အာမခံပါ ပေးထားပါသေးတယ်။ ဒီတော့ လမ်းမှာ ယာဥ်မတော်တဆမှုဖြစ်ခဲ့မယ်ဆိုရင် Rent 2 Own ရဲ့ အာမခံမှာ အကျုံးဝင်မှာဖြစ်ပြီး ကျွန်တော့်တို့ ဝယ်ယူသူဘက်ကဘာမှ ထပ်ပေးစရာမလိုပါဘူး။’’

ဦးကျော်ဇင်ဦး

“လွန်ခဲ့တဲ့ ၅ လက ကျွန်တော် Rent 2 Own ကိုဒီတိုင်းပဲ ရောက်သွားခဲ့ပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးက မော်တော်ဆိုင်ကယ် သွားဝယ်တာဖြစ်ပြီးရောင်းတဲ့သူက ဒီကုမ္ပဏီက တခြား သမားရိုးကျ ငွေရေးကြေးရေးဝန်ဆောင်မှု လုပ်ငန်းတွေ နဲ့ မတူကြောင်းကျွန်တော်တို့ကို ပြောပြပါတယ်။ ဘဏ်တွေထံမှ အရစ်ကျ ဝယ်ယူတဲ့စနစ် အကြောင်းကို ကျွန်တော်တို့ ကြားဖူးပြီးဖြစ်ပေမယ့်Rent 2 Own မှာတော့ အစပိုင်းမှာ စပေါ်ငွေ နည်းနည်းပဲ ပေးရပြီးတော့ ငွေပြန်သွင်းရတဲ့ ပုံစံကလည်းကျွန်တော့် အတွက် ပိုပြီး အဆင်ပြေစေပါတယ်။ အရောင်းဝန်ထမ်းက ကျွန်တော်တို့ကို ငွေပြန်သွင်းရတဲ့ ပုံစံကို သူ့ရဲ့ Tablet ပေါ်မှာ ဖွင့်ပြပြီး ကျွန်တော်တို့ တတ်နိုင်မယ့် ပုံစံကို ရွေးပြတယ်။ အရမ်းကို လွယ်ကူတဲ့အတွက် ကျွန်တော်တောင် အံ့သြမိတယ်။သူရဲ့Tabletပေါ်မှာ တွက်ပြလိုက်တာ ခဏလေးနဲ့ ဆိုင်ကယ်ကို ကျွန်တော်ပိုင်သွားသလိုပဲ။ ကျွန်တော်ထင်ထားတာထက်တောင် ပိုလွယ်ကူပြီး ပိုမြန်တယ်။ ကျွန်တော့အမျိုးသမီးမှာလည်း ခုဆို မော်တော်ဆိုင်ကယ်ရှိနေပြီ။ အရင်ကဆို ကျွန်တော်အလုပ်မသွားခင် သူ့ကို ဈေးကို မောင်းပို့ရပါတယ်။ အခုဆို ကိုယ့်ဘာသာသီးသန့် သွားလို့ရပြီဖြစ်တဲ့အပြင်နောက်ပိုင်း ငွေရေးကြေးရေးလည်း အဆင်ပြေစေတာပေါ့။”

ဦးဇော်မိုး

’’ကျွန်တော့မိန်းမက မိုးမကျခင် အဝတ်လျှော်စက်တစ်လုံး ဝယ်ချင်ပေမယ့် ကျွန်တော်တို့ ဝယ်ဖို့ မတတ်နိုင်ခဲ့ပါဘူး။ ဝန်ဆောင်မှုအမျိုးမျိုးအကြောင်းကြားဖူးပေမယ့် တော်တော်များများက စာရွက်စာတမ်း အများကြီး တောင်းကြတယ်။အရောင်းဆိုင်တစ်ဆိုင်ကRent 2 Own က စာရွက်စာတမ်းနဲ့ ပတ်သက်ပြီး အရမ်းမတင်းကျပ်ပဲ ခွင့်ပြုချက်ကျဖို့လည်း မြန်တယ်လို့ပြောပြီး R2O ဆီ လမ်းညွှန်လိုက်တယ်။ ပထမတော့ ကျွန်တော်တို့လည်း မလျှောက်တော့ဘူးလို့ စဥ်းစားမိပေမယ့် ဝန်ထမ်းတွေက အရမ်းသဘောကောင်းပြီး လျှောက်လွှာတင်ရုံပဲတင်ခဲ့ဖို့အကြောင်းနဲ့ခွင့်ပြုချက်ကျလာသည့်တိုင် မိမိတို့ မကြိုက်ပါက ဝယ်ယူဖို့ မလိုကြောင်း ပြောပါတယ်။ တစ်နာရီအတွင်းမှာပဲခွင့်ပြုချက် ကျလာတာနဲ့ ကျွန်တော်တို့လည်း ဝယ်ပြီး အိမ်ပြန်လာခဲ့ကြတယ်။’’

ရွှန်းလဝန်းအိမ်

“ ကျွန်မကတော့ lockdown အချိန်မှာ အွန်လိုင်းကနေ လျှောက်ခဲ့တာပါ။ကျွန်မတို့ မိသားစုတစ်စုလုံး အခု အိမ်မှာ နေကြရတော့မယ်ဆိုတော့ လူနေမှုအဆင့်အတန်း မြှင့်ဖို့ လိုပြီလို့ ယူဆခဲ့တာနဲ့အညီ အင်တာနက်တပ်ပြီး ဧည့်ခန်းအတွက် အဲယားကွန်း တပ်ဖို့ Rent 2 Ownနဲ့ချိတ်ဆက် ဝယ်ယူခဲ့ပါတယ်။ အပြင်မှာ အရမ်းကို ပူပြီးတော့ သင်္ကြန်ပွဲတော်လည်း ကျင်းပလို့ မရဘူးဆိုတော့ ဆုံးဖြတ်ချက် မှန်ကန်ခဲ့တာပေါ့နော်။’’