R2O အသင်း AFI Forum တက်ရောက်ခြင်

Rent 2 Own အဖွဲ့သည် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလတွင်ဘန်ကောက်တွင်AFI ဖိုရမ်ကို တက်ရောက်ခဲ့ပါသည်။ Rent 2 Own ၏ COO အား ဆွေးနွေးသူအနေဖြင့် ဖိတ်ကြားခံခဲ့ရပြီး ကမ္ဘာတစ်ဝှမ်းမှ ရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်း၍ လုပ်ငန်းဆောင်ရွက်ရန် ဆွေးနွေးမှုအခွင့်အလမ်းများ ရရှိခဲ့ပါသည်။

RENT 2 OWN သည် အဓိကရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်သည်။

Rent 2 Own သည်INCOFIN ထံမှ ကြွေးမြီ အမေရိကန်ဒေါ်လာ ၃ သန်းကို ရယူ၍ မြန်မာနိုင်ငံရှိ ဝင်ငွေနည်းပြည်သူများ သွားလာရေးလွယ်ကူမှုကို မြှင့်တင်ခဲ့ပါသည်။ RENT2OWNသည် INCOFIN ထံမှ ကြွေးမြီ အမေရိကန်ဒေါ်လာ ၃ သန်းကို ရယူ၍ မြန်မာနိုင်ငံရှိ ဝင်ငွေနည်းပြည်သူများ သွားလာရေးလွယ်ကူမှုကို မြှင့်တင်ခဲ့ပါသည်။Incofin ၏  စီမံခန့်ခွဲမှုအောက်တွင်ရှိသော Incofin CVSO သည် မြန်မာနိုင်ငံရှိRent 2 Own အား senior loan အဖြစ် အမေရိကန်ဒေါ်လာ ၃ သန်းကို ချေးခဲ့ပါသည်။ Rent 2 Own သည် ၂၀၁၆ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင် ပွင့်လင်းမြင်သာမှုရှိ၍ လူအများတတ်နိုင်သည့် အဖိုးအခဖြင့် မော်တော်ဆိုင်ကယ် ငှားရမ်းခြင်းဝန်ဆောင်မှုကိုစတင်ခဲ့ပါသည်။၂၀၁၉ခုနှစ်၊ဖေဖော်ဝါရီလတွင် ၃နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ကျင်းပခဲ့ပြီး ပိုင်ဆိုင်မှုတန်ဖိုး  အမေရိကန်ဒေါ်လာ ၃၃ သန်း ရှိပြီဖြစ်သည်။ အဆိုပါ ၃ နှစ်အတွင်းRent 2 Own သည် ပြည်နယ် ၈ ပြည်နယ်တွင် ရုံးခွဲပေါင်း ၃၉ ရုံးကို ဖွင့်လှစ်အခြေချနိုင်ခဲ့ပြီး […]

RENT 2 OWN ၏ TEAM BUILDING 2017 အခမ်းအနား

ရက်စွဲ -၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၇ ရက်မှ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၈ ရက်။ အချိန် – နံနက် ၉း၃၀ မှ နေ့လည် ၃း၃၀။ နေရာ – ငွေဆောင်ကမ်းခြေအပမ်းဖြေဟိုတယ်။Rent2Own အနေဖြင့် ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလ၊ ၇ ရက်နှင့် ၈ ရက်နေ့တွင် ငွေဆောင်ကမ်းခြေ အပမ်းဖြေဟိုတယ်၌ ပထမဆုံး Team Building အခမ်းအနား ပြုလုပ်နိုင်ခဲ့ခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူမိပြီး မျှော်လင့်ထားသည်ထက် ပိုမိုပျော်ရွှင်စရာ ကောင်းပါသည်။ ကမ်းခြေတွင် လွန်ဆွဲခြင်း၊ တိုင်ပေးတမ်းဆော့ခြင်း၊ ဘောလုံးကန်ခြင်း စသည့် ပျော်ရွှင်ဖွယ်ကစားနည်းများဖြင့် ကစားကွင်းသဖွယ် စည်ကားခဲ့ပါသည်။ ဒေသအသီးသီးမှ R2O ဝန်ထမ်းများအားလုံးသည်R2O got talent contest တွင် ပါဝင်ခဲ့ကြပြီး R2O got talent contest ကြောင့် R2O တွင် ဂီတသမား၊ အဆိုတော်၊ ဖျော်ဖြေသူများ စသဖြင့် အရည်အချင်းရှိသူများရှိကြောင်း သိခဲ့ရသည်။အခမ်းအနားမှာ R2O ဝန်ထမ်းများအကြား အလွတ်တမ်းအကပြိုင်ပွဲအဖြစ် ပြောင်းလဲသွားခဲ့ပြီး အခမ်းအနားတက်ရောက်သူ […]

Rent 2 Ownသည် ၂၀၁၆ခုနှစ်မှ စတင်ခဲ့၍ မြန်မာနိုင်ငံတွင် မော်တော်ဆိုင်ကယ် ပိုင်ဆိုင်လိုသည့် ဝန်ဆောင်မှုရယူသူများအတွက် အဆင်ပြေလွယ်ကူစေမည့် အငှားဝန်ဆောင်မှု ပေးသည့် ပထမဆုံးသော ကုမ္ပဏီဖြစ်သည်…

Rent 2 Ownသည် ၂၀၁၆ခုနှစ်မှ စတင်ခဲ့၍ မြန်မာနိုင်ငံတွင် မော်တော်ဆိုင်ကယ် ပိုင်ဆိုင်လိုသည့် ဝန်ဆောင်မှုရယူသူများအတွက် အဆင်ပြေလွယ်ကူစေမည့် အငှားဝန်ဆောင်မှု ပေးသည့် ပထမဆုံးသော ကုမ္ပဏီဖြစ်သည်။ တစ်ကြိမ်တည်းဖြင့် လက်ငင်း မော်တော်ဆိုင်ကယ် မဝယ်နိုင်သူများအတွက် ရုတ်ချည်းပင်အခွင့်အလန်းများ ရှိလာခဲ့သည်။ ကျွန်ုပ်တို့၏ နည်းလမ်းများသည် ဈေးကွက်အတွင်း ကြီးမားသောအပြောင်းအလဲများ ဖြစ်စေခဲ့သည်။ 

ရုံးခွဲကွန်ရက်များအမြဲ တိုးချဲ့နေသည့်အပြင်Rent 2 Ownနှင့် ပူးပေါင်း ဆောင်ရွက်နေသည့် မော်တော်ဆိုင်ကယ်ရောင်းချသူကုန်သည်အသစ်များလည်း တိုးပွားလာသောကြောင့် ဝန်ဆောင်မှုရယူသူ အရေအတွက်သည်လည်း အလျင်အမြန် တိုးပွားလာခဲ့သည်…

ရုံးခွဲကွန်ရက်များအမြဲ တိုးချဲ့နေသည့်အပြင်Rent 2 Ownနှင့် ပူးပေါင်း ဆောင်ရွက်နေသည့် မော်တော်ဆိုင်ကယ်ရောင်းချသူကုန်သည်အသစ်များလည်း တိုးပွားလာသောကြောင့် ဝန်ဆောင်မှုရယူသူ အရေအတွက်သည်လည်း အလျင်အမြန် တိုးပွားလာခဲ့သည်။ ယခု ၂၀၂၀ ခုနှစ်တွင် ဝန်ထမ်းပေါင်း ၄၀၀ ကျော်ကို ခန့်ထားနိုင်ပြီဖြစ်သည်။ Rent 2 Own ရုံးခွဲပေါင်း ၅၀ ကျော်နှင့် နိုင်ငံတစ်ဝှမ်းမှ မော်တော်ဆိုင်ကယ်ရောင်းချသူ ၄၀၀ ကျော်တို့မှတစ်ဆင့် ဝန်ဆောင်မှုရယူသူပေါင်း ၁၅၀,၀၀၀ ကျော်ကို ဝန်ဆောင်မှု ပေးနိုင်ခဲ့ပြီဖြစ်သည်။ ကျေးလက်ဒေသများမှ ဝင်ငွေနည်း အလုပ်သမားများနှင့် အသေးစားလုပ်ငန်း စွန့်ဦးတီထွင်သူများသည်လည်း ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို အသုံးပြုပြီးနောက် အဆင်ပြေလာကြသည်။ 

ကျွန်ုပ်တို့သည် အခြားနယ်ပယ်များတွင်လည်း ဖွံ့ဖြိုးတိုးတက်ပါသည်…

ကျွန်ုပ်တို့သည် အခြားနယ်ပယ်များတွင်လည်း ဖွံ့ဖြိုးတိုးတက်လာပါသည်။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို ရယူလိုမှု မြင့်တက်လာသည့်အတွက် အဆိုပါ ဖွံ့ဖြိုးတိုးတက်မှုကို ငွေကြေးဖြည့်ဆည်းရန် မတည်ရင်းနှီးငွေ ပိုမိုလိုအပ်ခဲ့ပါသည်။ဂျာမနီနိုင်ငံမှ ငွေရေးကြေးရေး အဖွဲ့အစည်းများဖြစ်သောDEG နှင့် Incofin Investment မှ စီမံခန့်ခွဲသည့်အကျိုးသက်ရောက်မှု ရန်ပုံငွေအဖွဲ့ agRIF ကဲ့သို့သော နာမည်ကောင်းဖြင့် ကျော်ကြားသော မိတ်ဖက်များကို တွေ့ရှိခဲ့သည်။ဂျပန်နိုင်ငံ၏ နာမည်ကြီး ငွေချေးကုမ္ပဏီ တစ်ခု၏ လက်ခွဲဖြစ်သော DAIWA PI Partners သည်လည်း Rent 2 Own တွင် အကျိုးသက်ဆိုင်ခွင့် ရယူခဲ့သည်။ကျွန်ုပ်တို့၏ မိတ်ဖက်သစ်များသည် မတည်ရင်းနှီးငွေကို ထောက်ပံ့ရုံမျှသာမက ကျွန်ုပ်တို့၏ ကုမ္ပဏီအား ပရော်ဖက်ရှင်နယ်ဆန်ဆန် ဆောင်ရွက်နိုင်ရန်ကိုလည်း ဆက်လက် အားပေးကူညီခဲ့သည်။ Rent 2 Own သည် အမှန်တကယ်ပင် ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ 

ကျွန်ုပ်တို့သည် ပြည်သူများ လူနေမှုအဆင့်အတန်းမြင့်မားစေမည့် နည်းလမ်းများ ပံ့ပိုး၍ မြန်မာနိုင်ငံကို ရှေ့သို့ ဆက်လှမ်းနိုင်ရန် အမြဲတစေ ရည်မှန်းခဲ့ပါသည်…

ကျွန်ုပ်တို့သည် ပြည်သူများ လူနေမှုအဆင့်အတန်းမြင့်မားစေမည့် နည်းလမ်းများ ပံ့ပိုး၍ မြန်မာနိုင်ငံကို ရှေ့သို့ ဆက်လှမ်းနိုင်ရန် အမြဲတစေ ရည်မှန်းခဲ့ပါသည်။ ကျေးလက်ဒေသများတွင် သွားလာရေးလွယ်ကူအောင် ဆောင်ရွက်ခြင်းသည် ပထမခြေလှမ်းသာ ဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် ကျွန်ုပ်တို့၏ ဒေသခံမိတ်ဖက်ဖြစ်သော ရွှေမင်းဂံငွေရေးကြေးရေးအဖွဲ့အစည်းသည် ဘဏ်မဟုတ်သော ငွေကြေးဝန်ဆောင်မှု ပြုလုပ်နိုင်မည့် ငွေရေးကြေးရေးအဖွဲ့အစည်းလိုင်စင် ကို ရယူနိုင်ခဲ့သည်။ ယခုတွင် Rent 2 Own သည် နောက်ထပ်ခြေတစ်လှမ်း လှမ်းနိင်ပြီဖြစ်သည်။ ရွှေမင်းဂံငွေရေးကြေးရေးအဖွဲ့အစည်းမှတစ်ဆင့် ကျွန်ုပ်တို့သည် ၂၀၂၀ ခုနှစ်အကုန်တွင် ချေးငွေများ စတင်ထုတ်ပေးနိုင်မည်ဖြစ်သည်။  စတင်ခဲ့သည့် အချိန်မှစ၍ ယခုအချိန်ထိ ကျွန်ုပ်တို့ ခရီးအတော်ရောက်ခဲ့ပြီဖြစ်သည်။ ထောင်ချီသော ဝန်ဆောင်မှုရယူသူများအတွက် သွားလာရေးလွယ်ကူအောင် ဆောင်ရွက်ခြင်း၊ မိတ်ဖက်သစ်များ တွေ့ရှိခြင်း၊ မော်တော်ဆိုင်ကယ်ရောင်းချသူများနှင့် အကျိုးဖြစ်ထွန်းသော ဆက်ဆံရေးထားရှိခြင်းနှင့်Association for Carbon Capture ၏ သစ်တောထူထောင်ရေး ကြိုးပမ်းအားထုတ်မှုတွင် အားပေးထောက်ပံ့မှုပြုလုပ်ခြင်းတို့ကို […]

ကိုဖိုးလုံး(Motorcycle)

ကျွန်တော်ကမန်းလေးမှာဆိုပထမဆုံRent2Ownနဲ့ချိတ်တဲ့Merchantတစ်ယောက်ဖြစ်တယ်။ Rent2Own နဲ့အတူတွဲလုပ်တဲ့ကောင်းကျိုးကတော့ ဆိုင်ကယ်တွေပိုရောင်းထွက်တယ် ဘာကြောင့်လဲဆိုတော့ ဒီ serviceကမြန်မာနိုင်ငံတစ်ခုလုံအတွက်အမြန်ရနိုင်လို့ပါ။ ကျွန်တော်တိုဆိုင်serviceအပိုင်လဲပိုကောင်းတာပေါ့ ဆိုင်ငယ်အငှါးပေးနိုင်တော့လေး။ Customers အားလုံးလဲ Rent2Own ကိုကျေနပ်မှုရှိပါတယ်။

အကျိုးသက်ရောက်မှု 

Rent 2 Own၏ အငှားဝန်ဆောင်မှုနှင့် ချေးငွေဝန်ဆောင်မှုသည် ဝင်ငွေနည်းအလုပ်သမားများ၊ ကျောင်းသားကျောင်းသူများနှင့် အသေးစားလုပ်ငန်းရှင်များစသည်ဖြင့် အမှန်တကယ် လိုအပ်သူများအပေါ် ကြီးမားသော သက်ရောက်မှုများ ရှိပါသည်။ ကျွန်ုပ်တို့သည် မော်တော်ဆိုင်ကယ်ကဲ့သို့သော သယ်ယူပို့ဆောင်ရေးဆိုင်ရာ စက်ပစ္စည်းများ ကို ရရှိနိုင်ရန် ဝန်ဆောင်မှုပေးပါသည်။ ဤနည်းအားဖြင့် မည်သည့်အလုပ်သမားမဆို အလုပ်ခွင်သို့ ၁၅ မိုင်ပင် ကွာဝေးပါစေ ရောက်အောင် သွားရောက်နိုင်မှာ ဖြစ်သည်။ ဈေးသည်တွေအနေဖြင့်လည်း မော်တော်ဆိုင်ကယ်ကို အသုံးပြုပြီး မိမိတို့၏ ရောင်းကုန်တွေကို ဈေးမှာ ရောင်းချတာပဲဖြစ်ဖြစ်၊ ဝယ်ယူသူတွေထံ အိမ်တိုင်ရာရောက် ပို့ဆောင်တာပဲဖြစ်ဖြစ် ပြုလုပ်နိုင်မှာ ဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် ကျွန်ုပ်တို့Customer တွေရဲ့ ဘဝ ပိုမိုတိုးတက်လာအောင် လုပ်ဆောင်ပေးနိုင်တဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူမိသည်။

တာဝန်ယူမှုတာဝန်ခံမှု

ကုမ္ပဏီသည် ကျွန်းတစ်ကျွန်း မဟုတ်ပါ။ ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ လုပ်ငန်းဆောင်ရွက်တဲ့ လူမှုအဖွဲ့အစည်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီးတော့ မြန်မာနိုင်ငံကို ဖွံ့ဖြိုးပြီးသားနိုင်ငံအဖြစ်သို့အသွင်ကူးပြောင်းရာတွင် တစ်တပ်တစ်အားအနေဖြင့် ပါဝင်ဆောင်ရွက်လိုပါ။ Rent 2 Own သည် မိမိ၏ တာဝန်ဝတ္တရားများကို အလေးအနက်ထားပါသည်။ကျွန်ုပ်တို့သည် လူသားများနှင့် သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးပါသည့်အတွက်ကြောင့် ကျွန်ုပ်တို့အနေဖြင့် တာဝန်ယူမှုတာဝန်ခံမှုရှိသော လုပ်ငန်းရှင်ဖြစ်ရန်နှင့် ကျွန်ုပ်တို့ငှားရမ်းထားသော မော်တော်ဆိုင်ကယ်များမှ ကာဗွန်ထုတ်လွှတ်မှုများအတွက် ပေးလျော်မှုများ ပြုလုပ်ရန် ခိုင်မာသော ခြေလှမ်းများ အစပြုထားပြီးဖြစ်သည်