နောင်တောင်း၊ ဟိုပုံးမြို့

ကျွန်ုပ်တို့၏ နောက်ထပ်ESAP စီမံကိန်းတစ်ခုကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့မှ ၂ မိုင်ခန့် ဝေးကွာသော နောင်တောင်းပရဟိတကျောင်းဝင်းအတွင်းတွင် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပါသည်။ ၎င်းဒေသသည် လွင်တီးကောင်ဒေသဖြစ်ပြီး မိုးနည်းကာ သစ်ပင်အနည်းငယ်သာ ရှိပါသည်။ သစ်ပင်စိုက်ပျိုးရခြင်း၏ ရည်မှန်းချက်မှာ မြေအောက်ရေကို ကောင်းစွာ စုပ်ယူနိုင်မည့် သစ်ပင်များ စိုက်ပျိုးရန်ဖြစ်သည်။ နောင်တောင်းပရဟိတကျောင်းမှ ဆရာတော်ဦးရာဇိန္ဒသီရိ၏ ပံ့ပိုးကူညီမှုဖြင့် အောက်ပါသစ်ပင်ပေါင်း ၅၀၀၀ ကို စိုက်ပျိုးခဲ့ပါသည်။ ၎င်းတို့မှာ Acacia mangium ပင်ပေါင်း၆၀၀၀၊Hansin ပင်ပေါင်း၇၀၀၊Millettia ပင်ပေါင်း၁၅၀၀၊ Grevillea robusta ပင်ပေါင်း ၅၀၀၊Jacaranda mimosifolia ပင်ပေါင်း၂၀၀၊Brachychiton acerifolius ပင်ပေါင်း၁၀၀၊Bambusa vulgaris ပင်ပေါင်း၁၅၀၊ Eucalyptus globulus ပင်ပေါင်း  ၅၀၊ Malus Sylvestris ပင်ပေါင်း၁၀၀၊Camellia sinensis ပင်ပေါင်း ၅၀ နှင့်Prunus Serrulata ပင်ပေါင်း၆၅၀ ပင်တို့ဖြစ်သည်။

ရွှေနဒီ၊ ကျောက်ပန်းတောင်းမြို့

ကျောက်ပန်းတောင်းမြို့ရှိ ရွှေနဒီပရဟိတကျောင်းမှ မိုင် ၃၀ အကွာတွင် ကျွန်ုပ်တို့၏ESAP စီမံကိန်းတစ်ခုအား အကောင်အထည်ဖော်လျက်ရှိပြီး ပြင်တကော်ဆည်အနီးတွင် တည်ရှိပါသည်။ ရာသီဥတု ပူပြင်းခြောက်သွေ့သည့် ဒေသဖြစ်သည့်အလျောက်အရိပ်အာဝါသ ပိုမိုရရှိစေရန်အတွက် သစ်ပင်များ ပိုမိုစိုက်ပျိုးရန် လိုအပ်သည့်အတွက်ရွှေနဒီပရဟိတကျောင်းမှ ဆရာတော်ဦးယုဇန၏ ပံ့ပိုးကူညီမှုဖြင့် အပင်ပေါင်း ၃၇၀၀ ကို စိုက်ပျိုးနိုင်ခဲ့ပါသည်။ ၎င်းတို့မှာ ဝါးပင် ၇၀၀၀၊ Acacia Magnum ပင်ပေါင်း ၁၀၀၀၊ Tectona grandis ပင်ပေါင်း ၁၀၀၀၊ Shorea Robusta ပင်ပေါင်း ၅၀၀ နှင့် Indian Mahoganyပင်ပေါင်း ၅၀၀ တို့ ဖြစ်သည်။

ပန်းပျိုးလက်၊ ပဲခူးမြို့

ပဲခူးမြို့မှ ၂၅ မိုင် အကွာရှိ ပန်းပျိုးလက်ပရဟိတကျောင်းတွင် ကျွန်ုပ်တို့၏ESAP စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်လျက်ရှိပါသည်။ ရည်ရွယ်ချက်မှာကာဗွန်ဓာတ်များ ပိုမိုစုပ်ယူနိုင်ရန်နှင့် ရာသီဥတု ပိုမိုကောင်းမွန်လာစေရန် အပင်ကြီးများကို စိုက်ပျိုးရန်စီစဥ်ဖြစ်ခဲ့သည်။ ထိုအတွက် ပန်းပျိုးလက်မှ ဆရာတော်ဦးပညာဘောသ၏ ပံ့ပိုးကူညီမှုဖြင့် အပင်ပေါင်း ၁၀၀၀၀ ကို စိုက်ပျိုးနိုင်ခဲ့ပါသည်။ ၎င်းတို့မှာ Acacia mangium ပင်ပေါင်း ၇၀၀၀၊ Pterocarpus macrocarpus ပင်ပေါင်း ၁၀၀၀၊ Jacaranda mimosifolia ပင်ပေါင်း ၅၀၀၊Tectona grandis ပင်ပေါင်း ၁၀၀၀ နှင့်Xylia Dolabriformis ပင်ပေါင်း ၅၀၀ တို့ ဖြစ်သည်။

အိုးစည်တောင်၊ကလောမြို့

Rent 2 Own Myanmar နှင့် ကာဗွန်နှင့်ဖန်လုံအိမ်အာနိသင်လျော့ချရေး အသင်း (ACC) တို့သည် ကာဗွန်ဓာတ်ငွေ့လျှော့ချခြင်း၊ ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့လျှော့ချခြင်း လုပ်ငန်းများနှင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြား CSR စီမံကိန်းများ အတွက်အတူတကွလုပ်ဆောင်ကြသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့ ၊ မြင်းကကျေးရွာ အိုးစည်တောင်တွင် သစ်ပင်စိုက်သည့် CSR စီမံကိန်းတစ်ခုရှိသည်။ Rent 2 Own Myanmar နှင့်စီမံကိန်းဒေသမှ သက်ဆိုင်ရာ ကျောင်းထိုင်ဆရာတော်၏ အကူအညီဖြင့် ACC သည် အိုးစည်တောင်သာယာရေးအဖွဲ့နှင့် ၂၀၂၀ခုနှစ် ၊ ဇွန်လ ၃၀ ရက်နေ့တွင်လက်မှတ်ရေးထိုးခဲ့သည်။ စီမံကိန်း ကာလ ပထမလေးနှစ်တာကာလတွင် ကာဗွန်နှင့်ဖန်လုံအိမ်အာနိသင်လျော့ချရေး အသင်း (ACC) မှ စိုက်ပျိုးထားသော သစ်ပင်များအား စိုက်ပျိုးပြီးနှောင်းကာလ (၄) နှစ်အတွင်း ကူညီစောင့်ရှောက်ပေးမည်ဖြစ်ပြီး အိုးစည်တောင်သာယာရေးအဖွဲ့မှစိုက်ပျိုးပြီးအပင်များအားထိန်းသိမ်းစောင့်ရှောက်ကာကွယ်ရန်သဘောတူညီခဲ့ပါသည်။အထူးသဖြင့်စိုက်ပျိုး […]

အင်းပြင်နှင့် မြင်ခ၊ ကလောမြို့

ကလောတိုင်းဒေသကြီးအနီး မြင်ခနှင့် အင်းပြင်ကျေးရွာတွင် ကျွန်ုပ်တို့၏ ESAP စီမံကိန်းတစ်ခုအား အကောင်အထည်ဖော်လျက်ရှိပါသည်။ယခင်က အဆိုပါဒေသ၌ သစ်ပင်များ ဝန်းရံလျှက် သာသာယာယာ ရှိပါသည်။ သို့သော် ဝမ်းနည်းစရာတစ်ခုမှာ ထင်းရှူးဆီထုတ်လုပ်ရောင်းချခြင်းနှင့် သစ်ပင်ခုတ်ခြင်း မြင့်တက်လာသည့်အတွက် ယခုအခါတွင် အဆိုပါဒေသ၌ သစ်တောပြုန်းခြင်းမှာ အဓိကပြဿနာတစ်ရပ် ဖြစ်လာခဲ့သည်။ သဘာဝအလှတရားကို ထိန်းသိမ်းရန်နှင့် သစ်ပင်များ ထပ်မံစိုက်ပျိုးရန်အတွက်Rent 2 Own Myanmar သည် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ အကူအညီဖြင့် ကလောတိုင်းဒေသကြီးတွင် အပင်ပေါင်း ၅၀၀၀ စိုက်ပျိုးခဲ့ပါသည်။ စိုက်ပျိုးခဲ့သည့် အပင်များမှာ Enterolobium ပင်ပေါင်း ၇၀၀၊  Jacaranda ပင်ပေါင်း ၁၁၀၀၊  Pongamia ပင်ပေါင်း ၁၁၀၀၊Brachychiton acerifolius ပင်ပေါင်း ၁၀၀၀၊ ချယ်ရီပင်ပေါင်း ၅၀၀၊ ယူကလစ်ပင်ပေါင်း ၁၀၀၊ Basil ပင် ၂၀၀၊ ဝါးပင် ၂၀၀နှင့်Silver Oak ၁၀၀ တို့ ဖြစ်ပါသည်။