ပဲခူးမြို့မှ ၂၅ မိုင် အကွာရှိ ပန်းပျိုးလက်ပရဟိတကျောင်းတွင် ကျွန်ုပ်တို့၏ESAP စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်လျက်ရှိပါသည်။ ရည်ရွယ်ချက်မှာကာဗွန်ဓာတ်များ ပိုမိုစုပ်ယူနိုင်ရန်နှင့် ရာသီဥတု ပိုမိုကောင်းမွန်လာစေရန် အပင်ကြီးများကို စိုက်ပျိုးရန်စီစဥ်ဖြစ်ခဲ့သည်။ ထိုအတွက် ပန်းပျိုးလက်မှ ဆရာတော်ဦးပညာဘောသ၏ ပံ့ပိုးကူညီမှုဖြင့် အပင်ပေါင်း ၁၀၀၀၀ ကို စိုက်ပျိုးနိုင်ခဲ့ပါသည်။ ၎င်းတို့မှာ Acacia mangium ပင်ပေါင်း ၇၀၀၀၊ Pterocarpus macrocarpus ပင်ပေါင်း ၁၀၀၀၊ Jacaranda mimosifolia ပင်ပေါင်း ၅၀၀၊Tectona grandis ပင်ပေါင်း ၁၀၀၀ နှင့်Xylia Dolabriformis ပင်ပေါင်း ၅၀၀ တို့ ဖြစ်သည်။
Author Archives: admin
အိုးစည်တောင်၊ကလောမြို့
Rent 2 Own Myanmar နှင့် ကာဗွန်နှင့်ဖန်လုံအိမ်အာနိသင်လျော့ချရေး အသင်း (ACC) တို့သည် ကာဗွန်ဓာတ်ငွေ့လျှော့ချခြင်း၊ ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့လျှော့ချခြင်း လုပ်ငန်းများနှင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြား CSR စီမံကိန်းများ အတွက်အတူတကွလုပ်ဆောင်ကြသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့ ၊ မြင်းကကျေးရွာ အိုးစည်တောင်တွင် သစ်ပင်စိုက်သည့် CSR စီမံကိန်းတစ်ခုရှိသည်။ Rent 2 Own Myanmar နှင့်စီမံကိန်းဒေသမှ သက်ဆိုင်ရာ ကျောင်းထိုင်ဆရာတော်၏ အကူအညီဖြင့် ACC သည် အိုးစည်တောင်သာယာရေးအဖွဲ့နှင့် ၂၀၂၀ခုနှစ် ၊ ဇွန်လ ၃၀ ရက်နေ့တွင်လက်မှတ်ရေးထိုးခဲ့သည်။ စီမံကိန်း ကာလ ပထမလေးနှစ်တာကာလတွင် ကာဗွန်နှင့်ဖန်လုံအိမ်အာနိသင်လျော့ချရေး အသင်း (ACC) မှ စိုက်ပျိုးထားသော သစ်ပင်များအား စိုက်ပျိုးပြီးနှောင်းကာလ (၄) နှစ်အတွင်း ကူညီစောင့်ရှောက်ပေးမည်ဖြစ်ပြီး အိုးစည်တောင်သာယာရေးအဖွဲ့မှစိုက်ပျိုးပြီးအပင်များအားထိန်းသိမ်းစောင့်ရှောက်ကာကွယ်ရန်သဘောတူညီခဲ့ပါသည်။အထူးသဖြင့်စိုက်ပျိုး […]
နည်းပညာမြင့် ဝန်ဆောင်မှု
ကျွန်တော်တို့ အောင်မြင်ရခြင်း၏ အကြောင်းရင်းများအနက် တစ်ခုမှာ သတင်းအချက်အလက်နည်းပညာ ခိုင်မာတောင့်တင်းအောင် တည်ဆောက်နိုင်မှု ကြောင့်ဖြစ်သည်။အရောင်းနှင့်ဝန်ဆောင်မှုတို့ကို အဆင့်မြင့် ဖြေရှင်းသည့် နည်းလမ်းများနှင့်ပေါင်းစပ်လိုက်သည့်အခါ ဝန်ဆောင်မှုရယူသူများအား ထိုက်တန်သည့် ဝန်ဆောင်မှုမျိုးကို ပေးစွမ်းနိုင်ခဲ့သည်။ ကွင်းဆင်းငွေကောက်ခံရေးအဖွဲ့နှင့် ကျွန်ုပ်တို့နှင့် မိတ်ဖက်ကုန်သည်များ ပိုမိုလွယ်ကူမှုရှိစေရန် အတွက် Application များကို တီထွင်ဖန်တီးပေးထားသည်။ ဥပမာအားဖြင့် ကုန်သည်များသည် မကြာခင် ပြုလုပ်မည့် ငွေပေးချေမှုများနှင့် အရောင်းပမာဏ တို့ကို Application မှတစ်ဆင့် သိရှိနိုင်မည်ဖြစ်သည်။ ကြွေးမြီဆုံးရှုံးမှုစီမံခန့်ခွဲခြင်းသည် အဓိကသော့ချက်ဖြစ်သည်။Rent 2 Own သည် စာချုပ်သက်တမ်းတစ်လျှောက်လုံး မည်သည့်အဆင့်တွင်မဆို ဆုံးရှုံးမှုလျှော့ချနိုင်မည့် ငွေကြေးဆိုင်ရာ နည်းပညာ အများအပြားကို အသုံးပြု၍ ဖြေရှင်းပါသည်။Client က ချေးငွေရယူရန် လျှောက်ထားသည့်အခါ ကျွန်ုပ်တို့သည် OTP မှ တစ်ဆင့် အဆိုပါ Client မည်သူမည်ဝါဖြစ်ကြောင်းကို စစ်ဆေးပါသည်။ ထို့ပြင် ကျွန်ုပ်တို့သည် ငွေကြေးလိမ်လည်မှု မဖြစ်စေရန် စစ်ဆေးရာတွင် Viber သို့မဟုတ် အခြားသော ဆိုရှယ်မီဒီယာများ ကိုလည်း အသုံးပြုပါသည်။ […]
R2O အသင်း AFI Forum တက်ရောက်ခြင်
Rent 2 Own အဖွဲ့သည် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလတွင်ဘန်ကောက်တွင်AFI ဖိုရမ်ကို တက်ရောက်ခဲ့ပါသည်။ Rent 2 Own ၏ COO အား ဆွေးနွေးသူအနေဖြင့် ဖိတ်ကြားခံခဲ့ရပြီး ကမ္ဘာတစ်ဝှမ်းမှ ရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်း၍ လုပ်ငန်းဆောင်ရွက်ရန် ဆွေးနွေးမှုအခွင့်အလမ်းများ ရရှိခဲ့ပါသည်။
RENT 2 OWN သည် အဓိကရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်သည်။
Rent 2 Own သည်INCOFIN ထံမှ ကြွေးမြီ အမေရိကန်ဒေါ်လာ ၃ သန်းကို ရယူ၍ မြန်မာနိုင်ငံရှိ ဝင်ငွေနည်းပြည်သူများ သွားလာရေးလွယ်ကူမှုကို မြှင့်တင်ခဲ့ပါသည်။ RENT2OWNသည် INCOFIN ထံမှ ကြွေးမြီ အမေရိကန်ဒေါ်လာ ၃ သန်းကို ရယူ၍ မြန်မာနိုင်ငံရှိ ဝင်ငွေနည်းပြည်သူများ သွားလာရေးလွယ်ကူမှုကို မြှင့်တင်ခဲ့ပါသည်။Incofin ၏ စီမံခန့်ခွဲမှုအောက်တွင်ရှိသော Incofin CVSO သည် မြန်မာနိုင်ငံရှိRent 2 Own အား senior loan အဖြစ် အမေရိကန်ဒေါ်လာ ၃ သန်းကို ချေးခဲ့ပါသည်။ Rent 2 Own သည် ၂၀၁၆ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင် ပွင့်လင်းမြင်သာမှုရှိ၍ လူအများတတ်နိုင်သည့် အဖိုးအခဖြင့် မော်တော်ဆိုင်ကယ် ငှားရမ်းခြင်းဝန်ဆောင်မှုကိုစတင်ခဲ့ပါသည်။၂၀၁၉ခုနှစ်၊ဖေဖော်ဝါရီလတွင် ၃နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ကျင်းပခဲ့ပြီး ပိုင်ဆိုင်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃၃ သန်း ရှိပြီဖြစ်သည်။ အဆိုပါ ၃ နှစ်အတွင်းRent 2 Own သည် ပြည်နယ် ၈ ပြည်နယ်တွင် ရုံးခွဲပေါင်း ၃၉ ရုံးကို ဖွင့်လှစ်အခြေချနိုင်ခဲ့ပြီး […]
RENT 2 OWN ၏ TEAM BUILDING 2017 အခမ်းအနား
ရက်စွဲ -၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၇ ရက်မှ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၈ ရက်။ အချိန် – နံနက် ၉း၃၀ မှ နေ့လည် ၃း၃၀။ နေရာ – ငွေဆောင်ကမ်းခြေအပမ်းဖြေဟိုတယ်။Rent2Own အနေဖြင့် ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလ၊ ၇ ရက်နှင့် ၈ ရက်နေ့တွင် ငွေဆောင်ကမ်းခြေ အပမ်းဖြေဟိုတယ်၌ ပထမဆုံး Team Building အခမ်းအနား ပြုလုပ်နိုင်ခဲ့ခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူမိပြီး မျှော်လင့်ထားသည်ထက် ပိုမိုပျော်ရွှင်စရာ ကောင်းပါသည်။ ကမ်းခြေတွင် လွန်ဆွဲခြင်း၊ တိုင်ပေးတမ်းဆော့ခြင်း၊ ဘောလုံးကန်ခြင်း စသည့် ပျော်ရွှင်ဖွယ်ကစားနည်းများဖြင့် ကစားကွင်းသဖွယ် စည်ကားခဲ့ပါသည်။ ဒေသအသီးသီးမှ R2O ဝန်ထမ်းများအားလုံးသည်R2O got talent contest တွင် ပါဝင်ခဲ့ကြပြီး R2O got talent contest ကြောင့် R2O တွင် ဂီတသမား၊ အဆိုတော်၊ ဖျော်ဖြေသူများ စသဖြင့် အရည်အချင်းရှိသူများရှိကြောင်း သိခဲ့ရသည်။အခမ်းအနားမှာ R2O ဝန်ထမ်းများအကြား အလွတ်တမ်းအကပြိုင်ပွဲအဖြစ် ပြောင်းလဲသွားခဲ့ပြီး အခမ်းအနားတက်ရောက်သူ […]
Rent 2 Ownသည် ၂၀၁၆ခုနှစ်မှ စတင်ခဲ့၍ မြန်မာနိုင်ငံတွင် မော်တော်ဆိုင်ကယ် ပိုင်ဆိုင်လိုသည့် ဝန်ဆောင်မှုရယူသူများအတွက် အဆင်ပြေလွယ်ကူစေမည့် အငှားဝန်ဆောင်မှု ပေးသည့် ပထမဆုံးသော ကုမ္ပဏီဖြစ်သည်…
Rent 2 Ownသည် ၂၀၁၆ခုနှစ်မှ စတင်ခဲ့၍ မြန်မာနိုင်ငံတွင် မော်တော်ဆိုင်ကယ် ပိုင်ဆိုင်လိုသည့် ဝန်ဆောင်မှုရယူသူများအတွက် အဆင်ပြေလွယ်ကူစေမည့် အငှားဝန်ဆောင်မှု ပေးသည့် ပထမဆုံးသော ကုမ္ပဏီဖြစ်သည်။ တစ်ကြိမ်တည်းဖြင့် လက်ငင်း မော်တော်ဆိုင်ကယ် မဝယ်နိုင်သူများအတွက် ရုတ်ချည်းပင်အခွင့်အလန်းများ ရှိလာခဲ့သည်။ ကျွန်ုပ်တို့၏ နည်းလမ်းများသည် ဈေးကွက်အတွင်း ကြီးမားသောအပြောင်းအလဲများ ဖြစ်စေခဲ့သည်။
ရုံးခွဲကွန်ရက်များအမြဲ တိုးချဲ့နေသည့်အပြင်Rent 2 Ownနှင့် ပူးပေါင်း ဆောင်ရွက်နေသည့် မော်တော်ဆိုင်ကယ်ရောင်းချသူကုန်သည်အသစ်များလည်း တိုးပွားလာသောကြောင့် ဝန်ဆောင်မှုရယူသူ အရေအတွက်သည်လည်း အလျင်အမြန် တိုးပွားလာခဲ့သည်…
ရုံးခွဲကွန်ရက်များအမြဲ တိုးချဲ့နေသည့်အပြင်Rent 2 Ownနှင့် ပူးပေါင်း ဆောင်ရွက်နေသည့် မော်တော်ဆိုင်ကယ်ရောင်းချသူကုန်သည်အသစ်များလည်း တိုးပွားလာသောကြောင့် ဝန်ဆောင်မှုရယူသူ အရေအတွက်သည်လည်း အလျင်အမြန် တိုးပွားလာခဲ့သည်။ ယခု ၂၀၂၀ ခုနှစ်တွင် ဝန်ထမ်းပေါင်း ၄၀၀ ကျော်ကို ခန့်ထားနိုင်ပြီဖြစ်သည်။ Rent 2 Own ရုံးခွဲပေါင်း ၅၀ ကျော်နှင့် နိုင်ငံတစ်ဝှမ်းမှ မော်တော်ဆိုင်ကယ်ရောင်းချသူ ၄၀၀ ကျော်တို့မှတစ်ဆင့် ဝန်ဆောင်မှုရယူသူပေါင်း ၁၅၀,၀၀၀ ကျော်ကို ဝန်ဆောင်မှု ပေးနိုင်ခဲ့ပြီဖြစ်သည်။ ကျေးလက်ဒေသများမှ ဝင်ငွေနည်း အလုပ်သမားများနှင့် အသေးစားလုပ်ငန်း စွန့်ဦးတီထွင်သူများသည်လည်း ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို အသုံးပြုပြီးနောက် အဆင်ပြေလာကြသည်။
ကျွန်ုပ်တို့သည် အခြားနယ်ပယ်များတွင်လည်း ဖွံ့ဖြိုးတိုးတက်ပါသည်…
ကျွန်ုပ်တို့သည် အခြားနယ်ပယ်များတွင်လည်း ဖွံ့ဖြိုးတိုးတက်လာပါသည်။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို ရယူလိုမှု မြင့်တက်လာသည့်အတွက် အဆိုပါ ဖွံ့ဖြိုးတိုးတက်မှုကို ငွေကြေးဖြည့်ဆည်းရန် မတည်ရင်းနှီးငွေ ပိုမိုလိုအပ်ခဲ့ပါသည်။ဂျာမနီနိုင်ငံမှ ငွေရေးကြေးရေး အဖွဲ့အစည်းများဖြစ်သောDEG နှင့် Incofin Investment မှ စီမံခန့်ခွဲသည့်အကျိုးသက်ရောက်မှု ရန်ပုံငွေအဖွဲ့ agRIF ကဲ့သို့သော နာမည်ကောင်းဖြင့် ကျော်ကြားသော မိတ်ဖက်များကို တွေ့ရှိခဲ့သည်။ဂျပန်နိုင်ငံ၏ နာမည်ကြီး ငွေချေးကုမ္ပဏီ တစ်ခု၏ လက်ခွဲဖြစ်သော DAIWA PI Partners သည်လည်း Rent 2 Own တွင် အကျိုးသက်ဆိုင်ခွင့် ရယူခဲ့သည်။ကျွန်ုပ်တို့၏ မိတ်ဖက်သစ်များသည် မတည်ရင်းနှီးငွေကို ထောက်ပံ့ရုံမျှသာမက ကျွန်ုပ်တို့၏ ကုမ္ပဏီအား ပရော်ဖက်ရှင်နယ်ဆန်ဆန် ဆောင်ရွက်နိုင်ရန်ကိုလည်း ဆက်လက် အားပေးကူညီခဲ့သည်။ Rent 2 Own သည် အမှန်တကယ်ပင် ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။
ကျွန်ုပ်တို့သည် ပြည်သူများ လူနေမှုအဆင့်အတန်းမြင့်မားစေမည့် နည်းလမ်းများ ပံ့ပိုး၍ မြန်မာနိုင်ငံကို ရှေ့သို့ ဆက်လှမ်းနိုင်ရန် အမြဲတစေ ရည်မှန်းခဲ့ပါသည်…
ကျွန်ုပ်တို့သည် ပြည်သူများ လူနေမှုအဆင့်အတန်းမြင့်မားစေမည့် နည်းလမ်းများ ပံ့ပိုး၍ မြန်မာနိုင်ငံကို ရှေ့သို့ ဆက်လှမ်းနိုင်ရန် အမြဲတစေ ရည်မှန်းခဲ့ပါသည်။ ကျေးလက်ဒေသများတွင် သွားလာရေးလွယ်ကူအောင် ဆောင်ရွက်ခြင်းသည် ပထမခြေလှမ်းသာ ဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် ကျွန်ုပ်တို့၏ ဒေသခံမိတ်ဖက်ဖြစ်သော ရွှေမင်းဂံငွေရေးကြေးရေးအဖွဲ့အစည်းသည် ဘဏ်မဟုတ်သော ငွေကြေးဝန်ဆောင်မှု ပြုလုပ်နိုင်မည့် ငွေရေးကြေးရေးအဖွဲ့အစည်းလိုင်စင် ကို ရယူနိုင်ခဲ့သည်။ ယခုတွင် Rent 2 Own သည် နောက်ထပ်ခြေတစ်လှမ်း လှမ်းနိင်ပြီဖြစ်သည်။ ရွှေမင်းဂံငွေရေးကြေးရေးအဖွဲ့အစည်းမှတစ်ဆင့် ကျွန်ုပ်တို့သည် ၂၀၂၀ ခုနှစ်အကုန်တွင် ချေးငွေများ စတင်ထုတ်ပေးနိုင်မည်ဖြစ်သည်။ စတင်ခဲ့သည့် အချိန်မှစ၍ ယခုအချိန်ထိ ကျွန်ုပ်တို့ ခရီးအတော်ရောက်ခဲ့ပြီဖြစ်သည်။ ထောင်ချီသော ဝန်ဆောင်မှုရယူသူများအတွက် သွားလာရေးလွယ်ကူအောင် ဆောင်ရွက်ခြင်း၊ မိတ်ဖက်သစ်များ တွေ့ရှိခြင်း၊ မော်တော်ဆိုင်ကယ်ရောင်းချသူများနှင့် အကျိုးဖြစ်ထွန်းသော ဆက်ဆံရေးထားရှိခြင်းနှင့်Association for Carbon Capture ၏ သစ်တောထူထောင်ရေး ကြိုးပမ်းအားထုတ်မှုတွင် အားပေးထောက်ပံ့မှုပြုလုပ်ခြင်းတို့ကို […]